Unicode
မနက်ခင်းအိပ်ယာနိုးတော့သူ့နံဘေးမှာ
အိပ်နေတဲ့ကောင်လေးမရှိတော့။ညကမိုးလင်းပိုင်းအထိသူနှိပ်စက်
ထားဒါကိုမနက်အစောကြီးဘယ်ထသွားပြန်ပြီလည်း။သူကုတင်ပေါ်ကအဝတ်ဗလာနဲ့
ဆင်လာလိုက်သည်။ထို့နောက်အဝတ်ဗီယိုထဲက
အဝတ်တစ်စုံယူဝတ်ပြီးမျက်နှာသစ်သွားတိုက်ပြီး
အခန်းထဲကထွက်ခဲ့လိုက်သည်။" ဒီမှာဘာလုပ်နေတာလည်း''?
သူ..အိမ်ရှေ့အဂမှာရပ်နေတဲ့
ကောင်လေးကိုခေါ်လိုက်သည်။
တစ်ဆက်နဲ့မျက်နှာချင်းဆိုင်ဝက်ရပ်လိုက်တာ
ကြောင့်စိုးရိမ်နေတဲ့မျက်နှာလေးကိုပါတွေ့လိုက်ရ၏။" တစ်ခု့ခု့ဖြစ်လို့လား''?
" အင်..သတိုး..ငွေရှင်းတို့
မြို့ပြင်မှာထောင်ထားတဲ့စားဆီစက်ရုံ
ညကမီးလောက်သွားတယ်။
အပါးနဲ့မေကြီးတော့လိုက်သွားပြီ။
ရဲတွေကပိုင်ရှင်ရဲ့မီးသတိပေးမူ့ကိုမလိုက်နာဘဲ
ပေါ့ဆမူ့ကြောင့်မီးလောင်တာလို့ကောက်ချက်ချနေတယ်။
အပါးနဲ့မေကြီးတရားစွဲခံရနိုင်တယ်''ကြောက်ရွံ့နေတဲ့မျက်ဝန်းတွေနဲ့
သူ့ကိုအားကိုးတစ်ကြီးပြောပြနေသည်။
လက်ဖဝါးနှစ်ခု့ကိုမီးပွတ်မတတ်ပွတ်တတ်နေပြီး
တုန်လှုပ်နေသူကြောင့်သူစိတ်မချမ်းသာ။" လိုက်သွားချင်လား..''?
" အင်.. ဒါပေမဲ့..ဒီမှာဦးစီးဖို့
အပါးမှာသွားတယ်..''ပွတ်သတ်နေတဲ့လက်ချောင်းသွယ်သွယ်လေးတွေကို
ဆုတ်ကိုင်လိုက်သည်။လှပတဲ့မျက်ဝန်းတွေနဲ့
မော့ကြည့်လာသူကိုစိတ်အေးစေဖို့ပြုံးပြ
လိုက်သည်။" ကျုပ်..တာဝန်ထား..ကျုပ်ပြသနာမဖြစ်အောင်
ရှင်းလိုက်မယ်.. ပြီးရင်..မီးကရှို့မီးလား
မတော်တဆလားဆိုဒါပါ..စုံစမ်းပေးမယ်''" ငွေရှင်းသတိုးကိုယုံတယ်''
သတိုးကျေနပ်စွာပြုံးလိုက်သည်။
ထို့နောက်လက်တစ်စုံကိုကျယ်အောင်
ဖြန့်လိုက်ပြီးတုန်ရီနေတဲ့ကောင်လေး
ကိုသူ့ရင်ခွင်လာဖို့ခေါ်လိုက်၏။
YOU ARE READING
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Actionသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်