||25||

2.9K 131 3
                                    

Unicode

တစ်ရွှေ့ရွှေ့ လောင်မြိုက်နေတ့ဲအရာက
မီးဆိုရင်တောင်အဲ့မီးထဲခုန်ချမဲ့လူမျိုးထဲမှာ
နွေအဂ္ဂဆိုတဲ့သူပါတယ်။

မိန်းကလေးသိက္ခာတစ်စက်မှမကျန်အောင်
အစော်ကားခံခဲ့ရတယ်။အစော်ကားခံရတဲ့နေရာကလည်း
သူ့ရဲ့မွေးရပ်မြေမှာ။သူ့ကိုမသိတဲ့လူတစ်ယောက်မှ
မရှိတဲ့နေရာမှာ။

စကားလုံးလေးတစ်လုံးနဲ့စော်ကားမိတာကို
ပါးစပ်ကသွေးထွက်တဲ့အထိအရိုက်ခံလိုက်ရတယ်။
မိန်းမသားတန်မဲ့အရှက်နဲ့သိက္ခာအတွက်
လက်စာပြန်ချေမိတာမှားလား။

အရှက်ကိုစော်ကားယုံမကမွေးရပ်မြေမှာ
မျက်နှာမပြရဲအောင်သတိုးထက်အာဏာဆိုတဲ့
ခွေးဆိုးကထပ်ကိုက်ခဲ့ပြန်တယ်။

ခန္ဓာကိုယ်နဲ့ရင်ပြီးဘဝကိုရှင်သန်နေတဲ့
ဒီအချိန်မှာအဲ့ခွေးကိုမရရတဲ့နည်းနဲ့အဆိတ်ခတ်
သတ်ရမှာဘဲ။

အကိုဖြစ်သူကကြောက်ဒူးတုန်တတ်ပေမဲ့။
သူကတော့ကလဲ့စားကိုနောင်ဘဝအထိမယူဘူး။
ဒီဘဝမှာဘဲပြာ​ပူထဲတိုးပြီး
အပီးဖြတ်မယ်။

ပူပြင်းတဲ့နေရောင်ခြည်အောက်မှာ
ရပ်ပြီးအတွေးလွန်းနေတဲ့သူမ။
မုန်းမာန်အပြည့်ရှိတဲ့မျက်နှာနဲ့နေမင်းကိုတောင်
အကြည့်နဲ့စစ်ခင်းနေသည်။

ထိုအချိန်။

တစ်ချိန်းထိုးမောင်းဝင်လာတဲ့ကားတစ်စီး။
လေပူလယ်ခေါင်ခေါင်မှာခြံဝင်းထဲမောင်းဝင်လာဒါများ
အကြည်းတန်ပါပေရဲ့။

ကားပေါ်က​ခေလှမ်းကြဲတွေနဲ့ဆင်းလာတဲ့သူ။
သူ့ရဲ့တရားမဝင်ယောကျာ်း။ခန္ဓာကိုယ်ဘဲ
စိတ်ကြိုက်ယူပြီးနှလုံးသားကတော့
တစ်ခြားတစ်ယောက်ကိုအပ်နှင်းထားတဲ့
​ယောကျာ်း။

အမှန်ပြောရရင်သူမုန်းတဲ့ဒုတိယတစ်ယောက်။

အားကိုးလို့အကူအညီတောင်းတာကို
ခန္ဓာကိုယ်နဲ့ဖလှယ်သွားတဲ့သူတောင်းစားစစ်စစ်။
သိုးအရေခြုံထားတဲ့ဝံပုလွေထက်ဆိုးတဲ့
လူစားမျိုး။

" ဖြောင်း.. !! "

အနားကပ်လာပြီး.ရိုက်ချက်ကပြင်းထန်စွာ။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Where stories live. Discover now