||41||

2.9K 129 4
                                    

Unicode

နောက်ဆုံးတော့မောင့်လက်ကို
တွဲပြီးမဂ်လာခန်းမထဲဝင်နိုင်ခဲ့ပြီ။

ကျွန်တော်တွဲထားတဲ့မောင့်လက်က
မြတ်မြတ်နိုးနိုးတက်မက်ခဲ့ရတဲ့
လက်တစ်စုံဖြစ်နေသည့်အတွက်အတိုင်း
အဆမသိ နွေးထွေးလွန်းနေတယ်။

ပါးချိုင့်ခွက်ခွက်လေးတွေပေါ်အောင်
ပြုံးနေတဲ့မောင့်အပြုံးတွေကဆို
အရင်ကကျွန်တော့်မောင်မှ
ဟုတ်လေစွဟု့တွေးရလောက်အောင်
ခန်းမထဲမှာတောက်ပြောင်နေတယ်။

မောင့်ကိုကျွန်တော်ထာဝရပိုင်ဆိုင်
ခွင့်ရပြီ။မောင်သည်ကျွန်တော့်
သတို့သား..ကျွန်တော့်အိမ်ဦးနတ်ဖြစ်
ခဲ့လေပြီ။

" ဘာလို့...ကျုပ်ကိုဘဲလိုက်ကြည့်နေတာလဲ
ငွေရှင်း.... ''

" မောင်..အရမ်းချောနေလို့လေ..''!

" အပိုမပြောလည်း..ကျုပ်မင့်ကို
စိတ်မဆိုးတော့ပါဘူး.. အခု့တော့
ဧည့်သည်တွေကိုအရင်ဧည့်ခံလိုက်စို့''

" ဟီး..! မောင့်လက်ကိုကိုင်ထားရရင်
ဖြစ်ပြီ''

ကျုပ်မြတ်နိုးစွာပြုံးမိသည်။

တစ်ကယ့်အသည်းယားစရာလူသားပင်။

တစ်ဝိုင်းပြီးတစ်ဝိုင်း
လိုက်ဧည့်ခံရင်းမိဘတွေရှိရာသို့
ပြန်ရောက်ခဲ့ကြသည်။

" မေကြီး... နဲ့..အပါး..
ဖေကြီးတို့..စားပြီးသွားကြပြီလား''?

ငွေရှင်းအမေးကြောင့်မိဘတွေ၏
မျက်နှာအပြုံးပန်းတို့ဝေနေတော့သည်။

" ပြီးသွားပြီ သားငွေရှင်း..
သားတို့ကော..စားပြီးပြီလား
မစားရသေးရင်..ဝိုင်းမှာထိုင်စားလေ..
တစ်ချိန်လုံးလမ်းလျှောက်ဧည့်ခံနေရတာ
ပင်ပန်းနေရောပေါ့..လာထိုင်ကြ''

" ကောင်းပါ့မလား..ဖေကြီးလက်ရာ''?

" အမလေး..မောင်သတိုးထက်အာဏာ
လူမှု့ရေးတွေ သိတတ်နေလိုက်တာ..
ငါ့သားအစစ်မှဟုတ်ရဲ့လား''?

ဖေကြီးလက်ရာပြောတော့
ရှက်ပြုံးပြုံးလိုက်တဲ့မောင်။

မောင်ရှက်လို့ပြုံးတာငွေရှင်းမြင်ဖူးတာ
ဒါပထမဆုံးဘဲ။

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Donde viven las historias. Descúbrelo ahora