Unicode
" မမမြ.. ငွေရှင်းကိုဘယ်ခေါ်လာတာလဲ''?
မနက်အစောကြီးဆွဲခေါ်လာတဲ့
မမမြကြောင့်ငွေရှင်းအူကြောင်ကြောင်နဲ့သာ
ပါလာခဲ့ရသည်။သတိုးကိုတောင်
ဘယ်သွားမယ်လို့တစ်ခွန်းမှမဟခဲ့ရ။
မမမြကတော့သတိုးစိတ်ဆိုးအောင်
လုပ််ပြီ။
စိမ်းမြမြအရောင်သာတက်နေသေးတဲ့
လယ်ကွင်းထဲကစပါးပင်စိုက်လက်စ
လေးတွေကနံနက်ခင်းနေရောင်ခြည်
အောက်မှာစိတ်ကြည်နူးအောင်လှပမှု့နဲ့
ဆွဲဆောင်နေတယ်။
" လယ်ကွင်းကိုလေ.. ကောက်စိုက်ခိုင်းမလို့''
" ဗျာ.. ''!!
ငွေရှင်းလန့်သွားရသည်။သူမှ
ကောက်မစိုက်တတ်သာ။
" ဟို.. မမမြငွေရှင်း..
ဖြစ်မယ်မထင်ဘူးနော်..ငွေရှင်းကောက်မစိုက်
တတ်ဘူးဗျ''
ဖြစ်ပျက်သွားတဲ့မြို့သားရဲ့မျက်နှာလေးက
သူ့ကိုကျားသွားဖမ်းခိုင်းမိတဲ့အတိုင်း။
" မတတ်တာက တတ်အောင်လုပ်လို့ရတယ်
လာပါ..မမမြသင်ပေးမယ်''
ငွေရှင်းတွန့်ဆုတ်နေမိပေမဲ့
ဆွဲခေါ်သူမမမြကြောင့်မငြင်းသာဘဲ
လိုက်ခဲ့လိုက်ရသည်။
အမိုးသာရှိပြီးအကာမရှိတဲ့
လေးချောင်းထောက်ဝါးတဲလေးပေါ်မှာ
စုရုံးထိုင်နေကြတဲသနပ်ခါးပါးကွပ်ကြားကြီး
တွေနဲ့ကောက်စိုက်သမလေးများ။
အာလုံးကကောက်စိုက်ဖို့
ခမောက်တွေအကျီ်အကွက်စလက်ရှည်တွေ
လက်အိတ်တွေ။ထဘီးတိုတိုလေးတွေနဲ့။
ငွေရှင်းမှာတော့အပေါ်အကျီ်အဖြူလက်ရှည်
ပုဆိုးနီညိုရောင်အနုနဲ့။ဒီပုံကကောက်စိုက်မှာလား
ရှိုးပြရမှာလားငွေရှင်းမခွဲတတ်တော့ဘူး။
မမမြလည်းနီးတူး။ရင်ဖုံးအကျီ်စိမ်းနု့ရောင်
ထဘီအပြာဆင်းလေးနဲ့။
" အပျိုကြီး...ဟီးဟီး..မြို့သားဆိုတာ
သူလေးလား..ချစ်စရာလေးတော့'!!
" ဟုတ်ပါ့တော်..ကျုပ်ဖြင့်အိမ်က
ယောကျာ်းတောင်ကွာခြင်လာပြီ''!
" မိန်းမတစ်ယောက်ဆိုတော်ရောပေါ့.
ဟိ..ဒါလေးကတော့ဒို့အပိုင်''
ВЫ ЧИТАЕТЕ
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Боевикသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်
