||9||

3.1K 153 1
                                    

Unicode

နံနက်ခင်း လင်းကြက်သွန်တာနဲ့
မမမြကအိပ်ယာထပြီးစျေးသွားဖို့
ပြင်ဆင်နေလေပြီ။

မနေ့ညနေကမနက်စျေးလိုက်မယ်လို့
ငွေရှင်းမမမြကိုပြောထားပေမဲ့
ဒီမနက်တော့လိုက်နိုင်တော့မည်မထင်။

တစ်ညလုံးတစ်ဆစ်ဆစ်ကိုက်နေတဲ့
ေခါင်းကမနေ့ကနေပူမိခဲ့လို့ဘဲလား
ငိုလွန်းခဲ့လို့လားတော့မသိဘူး။
ကိုက်လွန်းလို့ခေါင်းပါခုတ်ဖြတ်ခြင်နေလေပြီ။

" မြို့သားရေ..ငွေရှင်း..မထသေးဘူးလား''?

တံခါးကိုအသာထု့ပြီး.လာနိုးတဲ့မမမြ။
ငွေရှင်းမထူနိုင်ထူနိုင်နဲ့ခေါင်းကို
ထူလိုက်ပြီးအခန်းတံခါးသွားဖွင့်ကာ။

" မမမြ..ငွေရှင်းမလိုက်နိုင်တော့ဘူးထင်တယ်
ခေါင်းတွေအရမ်းကိုက်နေလို့ ''

" ဟယ်... ဟုတ်လား..''

မြဝင်းမြို့သားနဖူးကိုလက်တင်ကြည့်
လိုက်တော့တစ်ကိုယ်လုံးမီးလိုပူလောင်
နေသည်။

" အဖျားတွေရှိနေတာဘဲ..ကိုယ်တွေကို
ပူကျစ်လို့..ပြန်ဝင်ပြီးအိပ်နေအုန်းမြို့သားလေး
မမမြစျေးမှာဆေးပါတစ်ခါထဲဝယ်ခဲ့မယ်''

" ဟုတ်မမ .. ပြောထားပြီးမလိုက်နိုင်လို့
ငွေရှင်းတောင်းပန်ပါတယ်နော်''

" အို..မဟုတ်တာဖျားနေတာကို
မမမြ နားလယ်ပါတယ်.. သွားသွား
သွားအိပ်နေတော့''

" ဟုတ်..မမမြ ''

ငွေရှင်းမလဲကျအောင်ထိန်းရင်း
အိပ်ယာဆီပြန်သွားခွေနေလိုက်တော့သည်။

မြဝင်းစျေးသွားဖို့စျေးခြင်းကိုင်ပြီး
အိမ်ထဲထွက်မည်အလုပ်ဖျားနေရှာတဲ့
ငွေရှင်းကိုစိတ်မချတာကြောင့်
သတိုးအခန်းဆီ အရင်သွားလိုက်သည်။

" သတိုး..သတိုး''

အခန်းဆံခါးနှစ်ချက်လောက်ထု
လိုက်တော့အအိပ်ဆတ်တဲ့သတိုးက
တံခါးဖွင့်လာသည်။

" အပျိုကြီး.. စောစောစီးစိီး..
ဘယလို့လာနိုးနေတာလဲ''?

" မမမြ စျေးသွားမလို့.. ''

" ဟာဗျာ...စျေးသွားတာ သွားပါလား
ကျုပ်ကိုဘာလို့လာနိုးနေတာလည်း
အလင်းရောင်တောင်မမြင်ရသေးတာကို''

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Where stories live. Discover now