Unicode
အရာရာကယုံကြည်စရာမကောင်းဘူး။
ဒါပေမဲ့ယုံကြည်ရတော့မယ်။
မြတ်သော်တောင်ကြီးကိုတက်လာဒါ
စိုးလွင်ကိုသတ်ဖို့။
ပူပေါင်းကြံစည်သူကသူ့လက်နဲ့ပြန်သတ်လို့
မရတဲ့လူဖြစ်နေတယ်။သားအဖြစ်အသိအမှတ်
မပြု့ခဲ့ဖူးပေမဲ့အဖေဟာအဖေဘဲမို့
သူ့ခေါင်းတွေမီးတောက်နေပြီ။
.... လွန်ခဲ့တဲ့တစ်နာရီက...
" ကျုပ်ကိုပြောပြနိုင်မလား
မနွေအဂ္ဂ။အဲ့ရှေ့နေကြီးရဲ့နံမည်ကို''
" ဟုတ်..ကျွန်မပြောပြမယ်..
သူ့နံမည်ကရှေ့နေကြီးဦးကိုကိုနိုင်တဲ့.''
ဟင်..
" သူက..အမှောင်ကောအလင်းပါ
ရှေ့နေလုပ်တဲ့နေရာမှာအရှုံးဆိုတာ
မရှိဖူးဘူး။သတိုးထက်အာဏာကို
သူလည်းအကြောင်းအရင်းတစ်ခု့ကြောင့်
လက်စားခြေချင်နေတယ်ကြားတယ်
ဘာအကြောင်းကြောင့်တော့မသိဘူး..''
အဖေ..အဖေတဲ့လား။အကိုခိုင်သော်ရဲ့
ချစ်သူကိုသတ်ဖို့လုပ်ခဲ့တာအဖေတဲ့။
အကိုသာသိရင်။
တွေးမိယုံနဲ့တင်မြတ်သော်ရူးခြင်သည်။
အဖေကဘာလို့အဲ့လောက်ရက်စက်တဲ့လူ
ဖြစ်နေရတာလည်း။သူ့သားနှစ်ယောက်ရဲ့ဘဝကို
လူသားဆန်တတ်လာအောင်လူဝင်တိုးအောင်
လမ်းဖွင့်ပေးခဲ့တဲ့သူကို။ဘာလို့အမုန်းတွေ
ထားနိုင်ရတာလည်း။
" ဒီမှာ..ကိုမြတ်သော်..! "
" ဟင်..သြော်..မနွေအဂ္ဂ..အခု့လို
ပြောပြပေးလို့ကျေးဇူ့တင်ပါတယ်
မနွေအဂ္ဂလုံခြုံရေးအတွက်စီစဥ်ထား
ပါတယ်။ရော့..ဒါကမနွေအဂ္ဂလုံခြုံမဲ့နေရာဘဲ''
တည်နေရာတစ်ခု့ရေးထားတဲ့စာရွက်ကို
ပေးလိုက်တော့စာရွက်ယူကြည့်ပြီး
ကျေးဇူ့တင်ကြောင်းပြောကာထ
ထွက်သွားသူ။
ကျန်ခဲ့သူသူဒါလျှင်အတွေးတွေထဲ
နစ်မြောရပြန်သည်။
**** လက်ရှိ****
တီ„„„
ဖုန်းမြည်သံကြောင့်စပွဲပေါ်ချထားတဲ့
ဖုန်းကိုကောက်ယူကြည့်လိုက်ချိန်
ပေါ်နေတဲ့နံမည်လေးက
စိတ်ကိုလမ်းဆန်းသွားစေသည်။
ВЫ ЧИТАЕТЕ
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Боевикသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်
