Unicode
ငွေရှင်းတစ်မနက်စာလုံးသတိုးပြန်အလာကို
စောင့်သည်။နေ့လယ်12နာရီဆိုတာ
လူတစ်ယောက်မနက်စာစားပြီးသင့်ပြီမှန်း
သိသော်လည်းကိုယ့်အိမ်ကိုယ့်ယာ
မဖြစ်တဲ့အပြင်အိမ်ရှင်ဖြစ်တဲ့သတိုးကပါ
ထမင်းဝိုင်းမှာရှိမနေတော့ငွေရှင်းစား
ခြင်စိတ်ရယ်လည်းမရှိတော့။အရင်ကဆိုငွေရှင်းတည်ဂုဏ်ဆိုတဲ့
ကောင်လေးကသိပ်ဆိုးခဲ့တာ။တောင်ကြီးမှာ
ရှိတဲ့မိဘနှစ်ပါးလက်ဖျားခါတဲ့အထိကို
ဆိုးတာ။မနက်စာကိုနန်းကြီးသုတ်စားခြင်တယ်ဆို
နန်းကြီးသုတ်ဘဲ။တစ်ခြားဟာအစားထိုးထား
ရင်ထမင်းဝိုင်းပေါ်ကရှိသမျှပန်းကန်တွေအကုန်
ကြမ်းပြင်မှာကြေမွပြီသာမှတ်ဘဲ။သတိုးကိုကြိုက်ပြီးတဲ့နောက်ပိုင်း။
ငွေရှင်းကိုယ့်အကျင့်ကိုပြင်ခဲ့တယ်။
ထမင်းဟင်းကြိုက်တဲ့သတိုးကြောင့်
ငွေရှင်းခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်
ေနခဲ့ရတဲ့ဘဝကိုမေ့ပစ်ပြီးထမင်းဟင်းချက်
တတ်အောင်တင်ခဲ့တယ်။သတိုးသူ့အချစ်တွေမြင်လာအောင်
သတိုးကြိုက်နိုင်မဲ့ကောင်လေးပုံစံ
ပြုပြင်နိုင်သမျှပြုပြင်ခဲ့တယ်။ကျောင်းတွေပြီးလို့သတိုးသူ့ကို
တောင်ကြီးပြန်ဖို့မောင်းထုတ်တဲ့အချိန်။
တောင်ကြီးကမိဘတွေဆီပြန်ရောက်သွားတဲ့သူ။
မိဘတွေကတောင်အံ့သြရတဲ့အထိ
အချစ်ကြောင့်သူ့အရာရာပြောင်းလဲသွားခဲ့ပြီ။ဘယ်လောက်သတိုးအချစ်တွေရအောင်ပြုပြင်
ပြုပြင်။အခုချိန်ထိသတိုးနှလုံးသားထဲမှာ
နေရာမယူနိုင်သေးပါဘူး။ဒီဒေသလေးကသတိုးရဲ့မွေးရပ်မြေဖြစ်သလို
သတိုးချစ်ရတဲ့ဦးဆိုတဲ့လူရဲ့ဒေသ
လေးလည်းဖြစ်တယ်။ထင်သာမမှားရင်
သတိုးဒီအချိန်ထိပြန်မလာတာဦးဆိုတဲ့လူ
နဲ့တွေ့နေလို့ဖြစ်လိမ့်မယ်။မနက်ကမမမြနဲ့အဘွားပြောတာ
ကြားလိုက်ပါတယ်။ဦးထင်အောင်က
သူ့အမျိုးသမီးနဲ့ကွာရှင်းပြီးရွာပြန်ရောက်နေပြီတဲ့။သတိုးပျော်ရွှင်နိုင်မယ်ဆိုကြိုက်တဲ့လူနဲ့
အတူရှိနိုင်ပါတယ်။ငွေရှင်းအချစ်က
ပိုင်ဆိုင်ရဖို့ထက်သတိုးပျော်ဖို့
ဘာမဆိုလုပ်ပေးခြင်ယုံပါ။အနားမှာရှိနေခွင့်
ရရုံနဲ့တင်ကျေနပ်ပါပြီ။
ESTÁS LEYENDO
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Acciónသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်