Unicode
" ဘယ်လိုဖြစ်ရတာလဲသားကြီးရယ်
ကလေးကဒဏ်ရာဘယ်လိုရသွားရတာလဲ''?
ဖေကြီးအာဏာအမေးကိုသတိုးမဖြေနိုင်။
ခေါင်းပတ်တီးအဖွေးသားနဲ့ကုတင်ပေါ်
လဲနေတဲ့ကောင်လေးလက်ကိုဆုတ်ကိုင်
ထားမိသည်။
သူ့အမှား။သူ့အမှားကြောင့်
ဒီကောင်လေးအခု့လိုဖြစ်ရတာ။
မတော်တဆဆိုပေမဲ့ငွေရှင်းထမင်းမစားနိုင်
မအိပ်နိုင်တဲ့အထိဖြစ်ရတာသူ့ကြောင့်ဘဲလေ။
အားနည်းလို့လဲကျပြီးကြမ်းပြင်နဲ့ခေါင်း
ဆောင့်မိသွားလို့ဆရာဝန်ဘယ်လောက်ဘဲ
ပြောနေပါစေသူ့အမှားကြောင့်ဖြစ်တယ်ဆိိုတာ
တော့ရှောင်လွှဲလို့မရဘူး။
လက်ရာ..မောင့်ကိုဆက်မမေးဖို့
ေမာင့်လက်မောင်းကိုဆုတ်ကိုင်
လိုက်သည်။အလိုက်သိတဲ့မောင်က
ဘားမှဆက်မမေးတော့ဘူးဆိုတဲ့
သဘောနဲ့ခေါင်းလေးတစ်ချက်ငြိမ့်ပြလာသည်။
" သားကြီး..ဖေကြီးတို့..အပြင်သွားစရာ
ရှိလို့..ကလေးကိုဂရု့စိုက်နော်
နောက်ထပ်ဒဏ်ရာတွေမဖြစ်စေနဲ့..
ဖေကြီးပြောတဲ့ဒဏ်ရာဆိုတာကိုသားနားလယ်
တယ်မလား''
လက်ရာပြောတော့ငှဲ့စောင်းကြည့်လာတဲ့
သားကြီးကသူဆိုလိုဒါကိုနားလယ်
သဘောပေါက်တဲ့သဘော။
အပြင်ပန်းဒဏ်ရာကအတွင်းဒဏ်ရာလောက်
မနာပါဘူးသား။
လက်ရာမောင့်ကိုခေါ်ပြီးကလေးတွေ
အခန်းထဲကထွက်ခဲ့လိုက်သည်။
အမှန်မှာသူတို့အပြင်ထွက်စရာမရှိ။
သားကြီးခံစားနေရတာကိုနားလည်
လို့တမင်ရှောင်ထွက်ခဲ့ခြင်း။
သူချစ်တဲ့လူကိုသူကိုယ်တိုင်နာကျဥ်
အောင်လုပ်နေတဲ့သား။သူကိုယ်တိုင်က
ပိုလို့နာကျဥ်နေရရှာမည်။
နှစ်ယောက်လုံးကိုနာကျဥ်မှု့တွေမရှိဘဲ
လက်တွဲနေတာဘဲမြင်ခြင်တာကတော့
မောင်နဲ့သူ့ရဲ့စစ်မှန်တဲ့မေတ္တာပင်။
ချစ်တာကိုမုန်းဟန်ဆောင်နေလို့လည်း
အကျိုးမထူးမှန်းသားကြီးတစ်ယောက်သိစေခြင်မိသည်။
" ကလေး..ဒီအတိုင်းထားခဲ့လို့
ဖြစ်ရဲ့လား''?
" မောင့်သားက..မောင်နဲ့ကျုပ်ထက်တောင်
ဦးနှောက်ပြေးတယ်မောင်...
သူဘာဆက်လုပ်မလဲသူ့ကိုယ်သူ
သိလိမ့်မယ်..သူဘယ်လိုလုပ်ရင်
ဘယ်လိုဆက်ဖြစ်မလဲဆိုတာနားလည်
သွားလောက်ပြီ...ဒါကြောင့်စိတ်မပူနဲ့တော့''
BẠN ĐANG ĐỌC
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Hành độngသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်
