Unicode
သတိုးထက်အာဏာဖုန်းပြောနေတာကို
ငွေရှင်းတည်ဂုဏ်အချိန်အတော်ကြာတဲ့
အထိထိုင်စောင့်နေရသည်။ဖုန်းထဲကလူ..ဘယ်သူမှန်းငွေရှင်းမသိပေမဲ့
သတိုးမျက်နှာကပုံမှန်ထက်တည်ငြိမ်နေတာ
ကြောင့်အရေးကြီးကိစ္စတစ်ခု့ခု့ပြောနေ
တာဖြစ်နိုင်သည်။ကားမှန်တံခါးကနေတစ်ဆင့်ရင်းနှီးလွန်းတဲ့
တောင်ကြီးမြို့အလှတရားကိုငေးနေမိသည်။
မိုးဖြောက်ဖြောက်ရွာထားတဲ့အခြေအနေမို့
ကားလမ်းဘေးတစ်လျှောက်..သစ်ပင်တွေ
ရဲ့အလှကမောပန်းနွမ်းနွယ်တဲ့စိတ်ကိုအေးချမ်း
သွားစေတယ်။သတိုးထက်အာဏာ ဖုန်းပြောနေရင်းက
မှန်တံခါးထက်ခေါင်းထွက်ပြီး
အပြင်ပိုင်းနေရာကိုပေးကာပြုံးနေတဲ့
ငွေရှင်းတည်ဂုဏ်ကိုတွေ့လိုက်သည်။သဘာဝအလှတရားကြောင့်ဘဲလားတော့
မသိဘူး။ နီစပ်စပ်အသားရေနဲ့လိုက်ဖက်စွာ
သူ့အပြုံးတွေကလူတစ်ယောက်စိတ်ကို
အေးမြစေတဲ့အထိဆွဲဆောင်မူ့ရှိသည်။".. သူဌေး.. ''!
" ဟမ်. "" အချိန်အတော်ကြာတဲ့အထိ
ငွေရှင်းတည်ဂုဏ်ကိုငေးကြည့်နေမိတာမို့
တစ်ဖက်ကမြတ်သော်ဘာပြောမှန်း
မသိဖြစ်သွားသည်။ဖုန်းထဲက မြတ်သော်အော်ခေါ်မှ
သတိပြန်ဝက်လာရ၏။" ဘာပြောလိုက်တာလည်း.. ''
" ကျုပ်..ဒီထက်ပိုပြီး..ယုံကြည်မူ့မရှိတော့ဘူး
သူဌေး..အဲ့သုဘရာဇာကြီးက အရမ်းကိုလျှင်တာ
ကျုပ်သူ့ရဲ့သဲလွန်စနည်းနည်းရတာနဲ့
ချက်ခြင်းသဲလွန်စဖျောက်ပြီး..ပျောက်ပျောက်သွားဒါ''" သူ့အကြောင်းသိနေရင်..သူ့ထက်လျှင်အောင်
လုပ်နေလေ''" ကျုပ်က နတ်သားလားဗျ .. အဲ့လိုဒါဆို
ဦးထင်အောင်ရဲ့နှလုံးသားကိုအရင်ရအောင်
လုပ်ပြီနေပြီ''သူနဲ့ဝေးနေလို့လား။စကားကိုပေါက်လို့
ပဲစားပြောနေတဲ့သူတောင်းစားကို
သတိုးအတော်ဒေါသထွက်နေပြီ။" မြတ်သော်.. ''!
" ကျုပ်.. ကျုပ်..ဖုန်းချပြီ..သူဌေး''
YOU ARE READING
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Actionသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်