Unicode
ဦးကိုကိုနိုင် လူကဒါထိုင်ခုံမှာထိုင်နေပေမဲ့
စိတ်တွေဂနာမငြိမ်နိုင်။သားကြီး.တောင်းကြီးလာတယ်ဆိုတာ
သိကတည်းကမဖြစ်သင့်တာမဖြစ်အောင်
ကြိုတင်တားတဲ့အနေနဲ့ကားဂိတ်မှာ
စိုးလွင်လူတွေနဲ့သွားခေါ်ခိုင်းခဲ့သည်။သို့သော်သူ့ထက်လျှင်တဲ့လူတစ်ယောက်က
သားကြီးဆီကိုဦးပြီးခေါ်သွားနှင့်ပြီ။
အဲ့လူကခန့်မှန်းတာမမှားရင်
စိုးလွင်ကိုတရားစွဲဖမ်းဝရမ်းထုတ်ခဲ့တဲ့
မျိုးသန့်ဆိုတဲ့အရာရှိဟောင်း
ဘဲဖြစ်မည်။သားကြီးဘယ်မှာရှိလဲသိခြင်တာက
တစ်ကြောင်းမျိုးသန့်ဆိုတဲ့ကောင်နဲ့
သူဘာရန်ငြိုးရှိလည်းသိခြင်တာက
တစ်ကြောင်းကြောင့်မျိုးသန့်ရဲ့နောက်ကြောင်း
ရာဇဝင်ကိုစုံစမ်းခိုင်းရသည်။သားကြီးဒီရောက်တာနှစ်ရက်ရှိပြီ။
သားကြီးလိုစိတ်ဆတ်သူတစ်ယောက်အနေနဲ့
သူ့ချစ်ရသူကိုထိခိုက်အောင်လုပ်ရကောင်း
မလားဆိုပြီးလာရန်တွေ့နေလောက်သည်။သို့သော်အခု့ဟာကလာရန်မတွေ့တဲ့
အရိပ်အယောင်ဘာစုံစမ်းလို့မရတာတော့
အထူးဆန်းကြီးထူးဆန်းမိသား။".. ဒေါက်..ဒေါက်.. ''
" ဝင်ခဲ့ ''
တံခါးဖွင့်ကာဝင်လာသူကသူစောင့်နေတဲ့လူ။
" ဘယ္လိုလဲ..ရခဲ့လား''?
" ဦးတည်မှိုင်းတို့စိုက်ပျိုးရေးခြံမှာ
သူဌေးပြောတဲ့လူတွေမရှိဘူးဗျ..''." တောက်.. !! ဒီကောင်တွေ ဘယ်မှာလဲကွာ
ဒါနဲ့ ဟိုအရာရှိအကြောင်းကော ဘာသိခဲ့
သေးလည်း''" သိခဲ့ပါတယ်အဲအရာရှိဟောင်းက
မြစ်ကြီးနားဇာတိပါဘဲ..သူ့ဇနီးနံမည်က
ဒေါ်နှင်းနွယ်..။ပြီးတော့ဒေါ်နှင်းနွယ်
သတိုးထက်အာဏာရဲ့အစ်မအရင်းပါ''" ဘာ.. ''!!
ဒါကြောင့်ကို။ငါ့နဲ့ရန်ငြိုးမရှိဘဲ
ငါ့ကိုရန်စဒါ။" ငါစုံစမ်းခိုင်းတဲ့လူတွေအကြောင်း
ဆက်စုံစမ်းထား.. အခုသွားတော့''" ဟုတ်..သူဌေး''
သူ့လူထွက်သွားတော့ဦးကိုကိုနိုင်တစ်ယောက်
ဒေါသကြောင့်မျက်လုံးတွေနီရဲပြီး
လက်သီးဆုတ်တွေပါကျစ်ကျစ်ပါအောင်
ဆုတ်ထားလိုက်သည်။
YOU ARE READING
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Actionသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်