Unicode
တိတ်ဆိတ်နေတဲ့အခန်းထဲ..ဖုန်းမြည်သံအကျယ်ကြီးက
အိပ်နေတဲ့လူကိုနိုးလာစေသည်။လက်မောင်းပေါ်ခေါင်းအုံးပြီးအိပ်နေသူလေးကို
သတိုးထင်အာဏာမြတ်နိုးစွာပါးပြင်ကို
တစ်ချက်နမ်းလိုက်ပြီး မြည်နေတဲ့ဖုန်းကို
ကိုင်လိုက်သည်။" ပြော.. ''!
" သူဌေး.. ပြသနာတော့တက်ပြီ ''
မြတ်သော်စကားကြောင့်..
သတိုးမျက်မှောင်ကျုတ်လိုက်ပြီး
အိပ်ပျော်နေသူကိုတစ်ချက်ကြည့်လိုက်တယ်။ဒဏ်ရာကိုက်လို့အိပ်ပျော်အောင်မနည်း
ချော့ထားရတာ။နိုးသွားလို့မဖြစ်ဘူး။" အကြောင်းအရာကိုပြော ''
" ကျုပ်.. ကျုပ်ပြောရင်..သူဌေးသတ်လိုက်မယ်''
" မြတ်သော်.. ''
ပြောမဲ့အရေးကိုမပြောဘဲကြောက်ပြနေတဲ့
မြတ်သော်ကိုအံကြိတ်ပြီးခေါ်လိုက်ရတယ်။
အသံကျယ်ကျယ်ခေါ်ပြန်ရင်လည်းကောင်ပေါက်က
နိုးသွားအုန်းမယ်။လက်ပေါ်ကချလိုက်လို့ကလည်းမဖြစ်။
မတော်တစ်ဆနိုးသွားရင်။" ကျုပ်. မိန်းမရပြီထင်တယ် ''
" ဟမ်.. ''
" ကျုပ်ဘေးမှာ..အခုလူတစ်ယောက်အဝတ်ဗလာ
နဲ့အိပ်နေတယ်သူဌေး''" ဘယ်လိုဖြစ်တာလည်း.. မင့်ဟာက
မနေ့တစ်နေ့ကမှရွာရောက်တာလေ..
ဘယ်သူလည်း..ဘယ်ကလည်း''?" သူဌေးရည်းစား..''!
" ဘာ.. !! "
" အင့်.. ''
ဒေါသထောင်းကနဲထသွားပြီး
ငွေရှင်းတည်ဂုဏ်နိုးမနိုးလည်းဂရု့မစိုက်နိုင်
တော့အောင်သတိုးဖြစ်သွားရတယ်။" မြတ်သော်.. မင်း..သူ့ကိုဘာလုပ်လိုက်တာလည်း''!!
" သတိုး... ''
လက်မောင်းပေါ်ကငွေရှင်းနိုးလာပြီ
ဖြစ်တာကြောင့် အောက်ချလိုက်ပြီး
ကုတင်ပေါ်ကထလိုက်သည်။" မြတ်သော်.. စောက်သံတိတ်မနေနဲ့
မေးတာဖြေ''!!ပြောရင်းနဲ့မှဒေါသကပိုထွက်လာပြီ။
သေခြာတယ် ကျုပ်အသံက ညလယ်ခေါင်မှာ
အခန်းထဲလှိုင်နေမယ်ဆိုတာ။
KAMU SEDANG MEMBACA
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Aksiသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်