Unicode
" သတိုးထက်အာဏာ ''!
အင်းဆိတ်မှာထိုင်နေတဲ့သတိုး
ညမိုးမှောင်စအချိန်ရဲ့ရေလှိုင်းသံနဲ့အတူ
နားစည်ကိုထိုးဖောက်ဝင်ရောက်လာတဲ့အသံရှင်ကြောင့်
မျက်ကြည်လွှာတွေကိုခါးတီးစွာပိတ်ပစ်ပလိုက်တယ်။နောက်လှည့်မကြည့်ဘဲလက်ထဲကကိုင်ထားတဲ့
ခဲလုံးကိုအင်းရေပြင်ထဲပြင်းပြင်းထန်ထန်
ပစ်ချလိုက်သည်။" သတိုးထက်အာဏာ.''!
" ကျုပ်နားမလေးဘူး..ဦး..ပြောစရာရှိတာပြော''
" သတိုး.. ''!!
ဂရု့မစိုက်သလိုလုပ်နေလို့ထင်အောင်စိတ်မရှည်ဘဲ
အရှေ့ကကောင်လေးကိုဆွဲထလိုက်ပြီး
စူးစူးရဲရဲကြည့်နေလိုက်သည်။သူ့နည်းတူ။ပြန်ကြည့်လာတဲ့
သတိုးအကြည့်တွေကလည်း
အေးစက်စက်နဲ့ကျောချမ်းခြင်စရာအတိ။" လွှတ်.. ''!
" ငါ့လက်ထဲမှာကြီးလာတဲ့ကောင်လေးက
ငါ့မျက်စိအရှေ့မှာဘဲလက်သွေးစွန်းစေတဲ့
အလုပ်ကိုလုပ်ခဲ့တယ်..ငါဘယ်နှလုံးသားနဲ့
ခံနိုင်ရည်ရှိအောင်ကြိုးစားရမှာလည်း
ငါသိပ်ချစ်တဲ့ကောင်လေးကိုဖြူဖြူစင်စင်လေးဘဲ
ရှိစေခြင်တာငါမှားလား''!" အဲ့တာနဲ့ဘဲကလေးဆန်ပြီး..
ကျုပ်ဖေကြီးကိုကျုပ်အကြောင်းတွေတိုင်လိုက်တာလား
ဦးထင်အောင်။ကျုပ်ဆိုတဲ့ကောင်က လူတောင်သတ်ရဲတာ
ဖေကြီးတွေကိုကြောက်မယ်ထင်နေလား??
ဟက်..!! ကျုပ်ရဲ့ကြောက်တတ်တဲ့စိတ်က
ကျုပ်ကိုယ်ကျုပ်အတွက် ဘယ်တော့မှ
အသုံးဝင်မှာမဟုတ်ဘူး..!! ""ထင်အောင်.သူ့အရှေ့ကစူးရဲနေတဲ့
မျက်လုံးပိုင်ရှင်ကောင်လေးကို
နားမလယ်သလိုကြည့်လိုက်ပြီး။" အရင်က..ဦးရဲ့ကလေးငယ်
ဘယ်များရောက်သွားပြီလဲ..''" ကျုပ်က အရင်ကဦးရဲ့ကလေးငယ်ပါဘဲ။
ကျုပ်ဘယ်အရာမှမပြောင်းလဲဘူး။
ကျုပ်စိတ်။ကျုပ်ခံယူချက်။ကျုပ်ရဲ့
ကြောက်တတ်တဲ့စိတ်။ကျုပ်နှလုံးသား။
အားလုံးကအရင်အတိုင်းဘဲ။ကျုပ်ပြောင်းလဲသွားတယ်လို့ဦးထင်ရင်။
ဦးအထင်တွေမှားနေပြီ။အရင်ကသတိုးထက်အာဏာက
ခများရင်ခွင်မှာကလေးတစ်ယောက်လိုချွဲနွဲ့ခဲ့လို့
ခများအထင်အမြင်လွှဲသွားတာဖြစ်မယ်''
YOU ARE READING
ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞
Actionသတိုးထက်အာဏာ ❣❣ ငွေရှင်းတည်ဂုဏ်