||47||

2.6K 107 2
                                    

Unicode

ငွေရှင်းတည်ဂုဏ် ကိုယ်ဝန်ရှိတဲ့သတင်းက
အပျိုကြီးမမမြထံမှတစ်ရွာလုံးနှံ့သွားလေပြီ။

လက်ရာတို့ ဆေးရုံကပြန်လာတော့
တစ်ရွာလုံးနီးပါးမောင့်အိမ်ရှေ့မှာ
ပြုံးဖြီးနေတဲ့မျက်နှာကြီးတွေနဲ့
စောင့်နေကြသည်။

" ဒါ..ဘာလာပ်နေကြတာလဲ''

မောင်မေးတော့အားလုံးက တစ်ညီတစ်ညာထဲ။

" မြို့သားကို..လာကြည့်တာ'' တဲ့။

ဆိုင်ကယ်ပေါ်က ဆင်းလာတဲ့မောင်ငွေရှင်းကတော့
လူအုပ်ကြီးကိုရှက်သည်ထင်ပါရဲ့။
သားနောက်ကျောပြင်ကျယ်ကိုအားကိုးပြီး
ကပ်လျှောက်လာသည်။

" မြို့သား.. နေသာရဲ့လား'?

ပထမဆုံးမိန်းကလေးရဲ့အမေးကို
ငွေရှင်းတည်ဂုဏ်ဖြေမည်အပြု့။

" မင်​့.အရေးလား..
သူ့လင်ငါတစ်ယောက်လုံးရှိတယ်..
သူနေသာအောင်..ကျုပ်လုပ်ပေးထားပြီးသား''

" သာ.း... ''

"  ကိုကို.. ''

သတိုး..ဟန့်တားသံတွေကို လျစ်လျူရှု့ပြီး
ဝိုင်းအုံ​နေတဲ့လူထု့ကြီးကိုတစ်ချက်ကြည့်ကာ
မာကျောတဲ့လေသံနဲ့။

" အိမ်မှာကိုယ့်အလုပ်ကိုယ်မရှိကျဘူး..
ကျုပ်ဇနီးကိုငမ်းဖို့အဲ့လောက်အားယားနေကြတာလား
ဟမ်... ကျုပ်လယ်ထဲကအလုပ်သမားတွေ
ထမင်းမငတ်ချင်ရင်..ပြန်ကြ''

" ဒေါသအိုးရယ်..စကားကလဲရင့်လိုက်တာ
ဒီကစေတနာထားပြီးလာမေးတာကို''

မိန်းကလေးတစ်ယောက်မကျေမနပ်
ရေရွတ်တော့။

" ခများစေတနာက..စပ်စု့ဖို့စေတနာလေ..
ထူးထူးဆန်းဆန်းဆိုခများကရှေ့က
ရောက်ပြီးသား..ပြန်တော့.. ကျုပ်ဇနီး
ပင်ပန်းလာတယ်''

" လာပါဟယ်..ပြန်ကြရအောင်..''

"ပြန်ကြမယ်..ဒေါသအိုးက..သူအဖေသူကြီးထက်
ဆိုးတယ်''

" ဟုတ်ပါ့..သူကြီးကမှတော်သေး''

ပွစိပွစိပြောသံများနှင့်လူအုပ်ကြီးကွဲ
သွားတော့သည်။

အိမ်ပေါ်ရောက်တော့။

" သားပြောတာ..လွန်တယ်နော်''

ချစ်သော ဒေါသကုမ္မာရ ( unicode & zawgyi) 💞အိမ့်ဂျူး💞Where stories live. Discover now