<Unicode>
"သူနဲ့ငါကချစ်သူတေဆိုပေမယ့်အလုပ်ချိန်မှာတော့အလုပ်ရှင်နဲ့အလုပ်သမားပဲ မင်းကိုယ့်သိက္ခာကိုမစော်ကားနဲ့!""အို အထိမခံပါလား ကျုပ်ကတော့ကျုပ်တောင်းဆိုတာကိုလက်မခံရင် ခဗျားတို့ရဲ့အတွင်းရေးမှူးအချစ်ဇာတ်လမ်းလေးကိုအများကသိအောင် လျှောက်ဖွပစ်မှာ"
"မင်းကကိုယ်ကိုခြိမ်းခြောက်နေတာလား"
"မဟုရပါဘူး ကျုပ်ကညှိနှိုင်းနေတာပါ"
"ကောင်းပီလေ မင်းသဘောအတိုင်းဖြစ်စေရမယ် ဒါပေမယ့်လစာကတော့သာမန်ဝန်ထမ်းလစာပဲရမယ်"
"ကိစ္စမရှိဘူး"
ပုခုံးနှစ်ဖက်ကိုတွန့်ကာဘာမှမဖြစ်သလိုလုပ်ပြနေတဲ့ရှေ့ကလူကိုသူတကယ်စိတ်ဝင်စားလာသည်။ရှေ့လျှောက်ဘယ်လိုလာမလဲကြိုတွေးရင်းဟက်ကနဲရယ်ချလိုက်မိသည်အထိပင်။
မုန်းမာန်ပြန်သွားတော့သူလဲရွှေယမင်းကိုခေါ်ကာရာထူးပြောင်းပေးတော့သူမကလဲ သဘောထားကြီးစွာအသာတကြည်လက်ခံပေးသည်မို သူ့မှာအားနာရပြန်သည်။ထို့ကြောင့်သူ့ရဲ့မူရင်းလစာကိုပုံမှန်အတိုင်းအပြည့်ပေးပီး ထပ်ဆင့်လောင်း၍သူမလိုချင်နေတဲ့ ကားတစ်စီးဝယ်ပေးလိုက်လေသည်။
°°°°°°°°°°°°°°°
မုန်းမာန်အလုပ်ဝင်တာတစ်ပတ်ပြည့်ပီဖြစ်သည်။မုန်းမာန်ကအလုပ်ကိုသေချာကြိုးစားလုပ်သည်။စာရင်းတေဆိုလဲစိတ်ချလက်ချလွှဲပေးလို့ရသည် ဘာသာစကားလဲကျွမ်းကျင်သူမို့ နိုင်ငံခြားဧည့်သည်တေနဲ့လဲ အဆင်ပြေအောင်ပြောဆိုဆက်ဆံနိုင်တော့ ရှယ်ယာဦးရေလဲတိုးလာသည်။
ခက်တာက...သူနဲ့ရွှေယမင်းကိုနှစ်ယောက်ထဲလုံးဝမရှိစေချင်တာ။နေ့လည်စာအတူစားရင် သူတို့ဝိုင်းမှာမရမကလာထိုင်ပီးရွှေယမင်းကိုပဲစိုက်ကြည့်နေတာ။အမြဲတမ်းဖျော်ပေးနေကြကော်ဖီကိုလဲရွှေယမင်းကိုမလုပ်ခိုင်းပဲမုန်းမာန်ပဲလုပ်တယ် ရွှေယမင်းကသူ့ရုံးခန်းထဲဝင်တော့မယ်ဆို မုန်းမာန်ပါလိုက်လာတယ်။ကိုယ့်ချစ်သူလား သူ့ချစ်သူလားမသဲကွဲအောင်ကို ရွှေယမင်းကိုမျက်စိအောက်ကအပျောက်မခံဘူး။
YOU ARE READING
Make A Wish(System)(Completed)
FantasyAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...