<Unicode>
"ဒီအလုပ်ကနေထွက်ဖို့ကြိုးစားဖူးလား"
"ကြိုးစားဖူးတာပေါ့ ဖွားဖွားဆုံးတော့ငါလဲဒီအလုပ်ဆက်မလုပ်နိုင်လို့ထွက်ပီးအလုပ်သစ်ရှာဖို့လုပ်တယ် ဒါပေမယ့်ငါဘာလဲဆိုတာသိနေတော့ငါ့ကိုလက်မခံကြဘူး ငါသတိမထားမိလိုက်တဲ့အချိန်မှာပဲငါကပိုင်းလုံးကောင်ဖြစ်သွားခဲ့ပီလေ ငါ့မှာရွေးချယ်စရာမရှိတော့ဘူး လောကကြီးကိုစိတ်နာလွန်းလို့ဒီအလုပ်ကိုပျော်ပျော်ကြီးအရွဲ့တိုက်ပီးဆက်လုပ်ခဲ့တာ"
ရိန်းရဲ့မျက်နှာကပကတိတည်ငြိမ်နေပေမယ့်မျက်ဝန်းလေးတွေကတော့အသက်ပါစွာပြိုလဲနေသည်။ရိန်းကငိုလဲမငိုသလိုဘာစကားမှလဲမပြောတော့ပေ။ဆိုင်မွန်ကလဲအလိုက်တသိနဲ့တိတ်ဆိတ်စွာနေပေးပီး ဖက်ထားတာကိုတော့မလွှတ်။ရိန်းဘာပဲဖြစ်နေနေ အတိတ်မှာဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့သူဂရုစိုက်မှာမဟုတ်ပါ။သူချစ်တာရိန်းရဲ့နှလုံးသားကို ရိန်းခန္တာကိုယ်ကိုမဟုတ်။အတိတ်မှာဘယ်သူတွေပဲရှိခဲ့ရှိခဲ့ အခုလက်ရှိသူ့လက်ထဲမှာဆိုသူ့အပိုင်ပဲ။
"ငါ့ကိုတစ်ခုလောက်ကူညီပေးနိုင်မလား"
"ပြောလေအချစ်"
"ဖွားဖွားရဲ့ပြာအိုးလေးလိုချင်တယ် အဲ့ကလူကပြာအိုးကိုပြန်ဝယ်မှရမယ်တဲ့ ငါရှာထားတဲ့ပိုက်ဆံတွေကမသန့်ရှင်းလို့ငါအဲ့ပိုက်ဆံတွေနဲ့မဝယ်ချင်ဘူး"
"မောင်ဝယ်ပေးမှာပေါ့ တစ်ခုတော့ရှိတယ်"
"ဘာလဲ"
"မောင်လို့ခေါ်ပီးပြောကြည့်"
"ဟမ်"
"ဒီလိုကွာ မောင်ငါ့ကိုဖွားဖွားရဲ့ပြာအိုးဝယ်ပေးပါလားလို့တောင်းဆိုကြည့်"
"မောင် ငါ့ကိုဖွားဖွားရဲ့ပြာအိုးဝယ်ပေးပါ"
"ရစေရမယ်ဗျာ အချစ်ကိုမောင်ပြောမယ် ဒီနေ့ဒီအချိန်ကစပီးအရင်ကရိန်းကသေသွားပီး အခုရိန်းအသစ်ကမောင့်ရဲ့အနားမှာနေပီးမောင်ကိုချစ်ပေးရမဲ့အလုပ်လုပ်ရမယ် လစာကတော့မောင့်ကိုရမယ် အလုပ်ပြုတ်မှာစိတ်မပူရဘူးဘာလို့ဆိုဒီအလုပ်ကရာသက်ပန်စာချုပ်နဲ့မို့လို့"
ESTÁS LEYENDO
Make A Wish(System)(Completed)
FantasíaAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...
