<Unicode>
(system space ကနေပြန်လည်ကြိုဆိုပါတယ်host ရမှတ်တေအတွက်ဇယားကိုကြည့်ပါ)% -85
တတ်မြောက်မှုပညာ -နည်းပညာ၊အချစ်ရေးရာ၊အုပ်ချုပ်မှုနည်းပညာ၊ဟော်မုန်းထိန်းချုပ်နည်၊ရိုးရာယဉ်ကျေးမှု
(နောက်ကမ္ဘာအတွက်သင်စရာကစီးပွားရေးပါ ရှေ့တံခါးကနေဝင်သွားပေးပါ)
9နှစ်ခန့်ကြာသော်......
(ငါရောက်ပီ ဒီးဒီ)
(ကြိုဆိုပါတယ်ဗျ နောက်ကမ္ဘာပို့ရတော့မလား)
(အင်း)
စတင်ပို့ဆောင်နေပါပီ 3.2.1
"အဲ့ကောင်ကလမ်းဘေးကပိုင်းလုံးကောင်ကိုကိုရဲ့"
သူ့ရှေ့ကဆိုဖာပေါ်ကမိန်းကလေးကသူ့လက်ထဲကဓာတ်ပုံများကိုစားပွဲပေါ်ချပေးပီး မျက်နှာကိုမဲ့ရွဲ့ကာအထင်သေးရှုံ့ချမှုအပြည့်နဲ့ပြောနေသည်။
"ဒီပုံတေကိုကြည့်ပါအုံးကိုကိုရဲ့ အဖိုးကြီးတေသူ့အဖေအရွယ်တေနဲ့ပါဟော်တယ်ထဲဝင်ထွက်နေတာ ဒါတေကအတုတေမဟုဘူးနော် ကိုကိုမယုံရင်star hotel ကိုသွားကြည့်သူ့ကိုအဲ့မှာခနခနတွေ့ရတတ်တယ်"
"....."
"ကိုကိုလဲအခုအဖြစ်မှန်တေသိရပီဆိုတော့ သူ့ကိုမေ့လိုက်တော့နော် နာအိုတို့အရင်လိုအဆင်ပြေပြေပြန်နေကြရအောင်လားကွာ ခုဆိုနာအိုရဲ့ဗိုက်ထဲမှာလဲကိုကို့ကလးရှိနေပဲကိုနော် ကိုကို"
ထိုမိန်းကလေးကတဖက်ဆိုဖာပေါ်ကနေထလာကာသူ့ပေါက်ပေါ်တက်ထိုင်ပီးသူ့ရင်ဘတ်ကိုပွတ်သပ်လာတာကြောင့်ပြန်ဖယ်ချလိုက်ပီး...
"ကိုယ်သွားနားတော့မယ်"
ဇာတ်ကြောင်းကိုမသိသေးတာမို့အလိုက်သင့်လေးပြောပီးထိုနေရာကနေထွက်လာလိုက်သည်။ကျန်ခဲ့တဲ့မိန်းကလေးကတော့နှုတ်ခမ်းကော့တက်စွာပြုံးလိုက်ပီးဓာတ်ပုံတေကိုပြန်ကောက်သိမ်းလိုက်သည်။
(ဒီးဒီ ဇာတ်ကြောင်းပြော)
(ဟုတ်ကဲ့ပါhost)
ဒီကမ္ဘာရဲ့ဇာတ်လိုက်နာမည်ကဆိုင်မွန် စီးပွားရေးလောကရဲ့နတ်ဘုရားတစ်ဆူဖြစ်ပီး အနေအေးလှသည်။ဇာတ်လိုက်မကတော့နာအို စားသောက်ဆိုင်တစ်ခုကသာမာန်စားပွဲထိုးတစ်ယောက်။ဇာတ်လိုက်ဟာဇာတ်လိုက်မအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာကုမ္မဏီအဖွဲ့သားတေနဲ့ ဂုဏ်ပြုပွဲလုပ်ကာသောက်ကြရင်းအမူးလွန်ကာဇာတ်လိုက်မကိုမတော်တဆကျူးလွန်မိရာကနေ တာဝန်ယူဖို့ဖြစ်လာသည်။ထို့ကြောင့်ဇာတ်လိုက်ကသူ့အမှားအတွက်တာဝန်ယူကာဇာတ်လိုက်မကိုလက်ထပ်လိုက်ပေမယ့် သူသိရှင်ကြားတော့မဟုပဲသာမာန်အကျဉ်းချုံးလက်မှတ်ထိုးရုံသာ။ဒီ့အပြင်ဇာတ်လိုက်မကိုတိုက်အိမ်တစ်လုံးနဲ့အစေခံတေနဲ့သက်သက်ထားပေးပေမယ့်ဇာတ်လိုက်မကသူနဲ့နေချင်တယ်ဟုသာတောင်းဆိုလွန်းတာကြောက့်နောက်ဆုံးလက်ခံကာသူနဲ့အတူနေစေခဲ့သည်။

BẠN ĐANG ĐỌC
Make A Wish(System)(Completed)
Viễn tưởngAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...