ဟခု(Arc -2.5)

9.2K 723 12
                                    

<Unicode>
ညနေအတန်းပီးတော့ဂင်းကျောင်းရှေ့တွင်ဟခုလာအကြိုကိုရပ်စောင့်နေသည်။ခနနေတော့သူ့ရှေ့တွင်ကားတစ်စီးပိတ်ရပ်ကာ ကားပေါ်မှဟခုကဆင်းလာသည်။

"ဂင်း စောင့်ရတာကြာသွားတာ မီတင်လုပ်နေလို့ကြာသွားတာ"

"ရပါတယ် သိပ်မစောင့်လိုက်ရပါဘူး"

"ကားပေါ်တက်လေ"

"အင်း"

"ဂင်း!"

အဆုနကသူတို့ထံသို့ပြေးလာကာ...

"ဒီကဟခုစန် မနေ့ကလိုက်ပို့ပေးတာကျေးဇူးပါ"

"အာ မဟုတ်တာ အပန်းမကြီးပါဘူး"

"ဟို ဒါလေးကိုကျေးဇူးတင်တဲ့အနေနဲ့ပေးတာပါ လက်ခံပေးပါ"

အဆုနလက်ထဲကအရာကိုကြည့်လိုက်တော့ရွှေရောင်ဘူးလေးနဲ့ချောကလပ်လေးတေဖြစ်သည်။ကြည့်ရုံနဲ့ဘယ်လောက်တန်ဖိုးကြီးမှန်းသိသာသည်။အဆုနရဲ့မျက်နှာဟာပန်းရောင်သန်းနေပီး ဟခုကိုမျက်လုံးရွှဲကြီးတေနဲ့ကြည့်နေတာမို့ဂင်းစိတ်ထဲဘဝင်မကျတော့ချေ။

"အဆုန နင်ကအဲ့လိုလား ငါကျတော့မကျွေးဘူး"

"နောက်နေ့မှကျွေးပါ့မယ် အခုကဟခုစန်အတွက်ပေးတာ"

ဟခုထိုဘူးလေးကိုယူလိုက်ကာ...

"ကျေးဇူးပါ"

"ဟုတ် ဟိုလေ အဆင်ပြေရင် ဟခုစန်နဲ့ခင်လို့ရမလားဟင်"

"ရပါတယ်ကွာ"

"ဟုတ် ဒါဆိုခွင့်ပြုပါအုံး"

အဆုနကရှက်ဝဲဝဲလေးနဲ့ထွက်သွားပီးအဝေးကိုရောက်တော့မှ ဂင်းကဟခုလက်ထဲကဘူးကိုဆွဲယူလိုက်ပီး....

"မင်းကချောကလပ်စားမလို့လား အသက်ဖြင့်ကြီးနေပီ ငါပဲစားလိုက်မယ်"

ဟုဆိုတာဟခုကိုတောင်မစောင့်ပဲကားပေါ်တက်သွာတော့သည်။ဟခုလဲ ကြောင်တောင်တောင်နဲ့ကားထဲဝင်ကာမောင်းထွက်လာလိုက်တော့သည်။

••••••••••••••••

ဒီနေ့ကျောင်းပိတ်တာမို့ ဂင်းဧည့်ခန်းကဆိုဖာတွင်ထိုင်ကာဂိမ်းနှိပ်နေသည်။ဘေးတွင်ဟခုကလက်ပ်တော့တစ်လုံးဖြင့်အလုပ်ရှုပ်နေလေသည်။သူတို့ရဲ့ဆက်ဆံရေးကအခုဆိုတော်တော်လေးအဆင်ပြေနေတယ်လို့ပြောလို့ရသည်။ဟခုက ဂင်းအတွက်မနက်စာ နေ့လယ်စာ ညစာသူကိုယ်တိုင်ပဲပြင်ပေးပီး ကျောင်းကြိုကျောင်းပို့လဲလုပ်ပေးသည်။ကြားထဲမှာအချိန်ရရင်ရသလို စကားတေအများကြီးပြောဖြစ်တာကြောင့်တော်တော်လေးရင်းနီးနေပီဖြစ်သည်။

Make A Wish(System)(Completed)Where stories live. Discover now