ဟခု(Arc -2.2)

14.2K 919 7
                                        

<Unicode>
ဂင်းနောက်ဆုံးရွေးချယ်ခွင့်မရှိတော့တာကြောင့်ဟခုကိုပါခေါ်လာရတော့သည်။ကားမောင်းနေတဲ့ဟခုကိုလှမ်းကြည့်လိုက်တော့ပြုံးစိစိနဲ့မို့ ဆွဲကုပ်ချင်စိတ်ပေါက်နေသည်။

ဆူရှီဆိုင်ကြီးထဲတွင်ဂင်းရဲ့သူငယ်ချင်းများကသူ့ကိုစောင့်နေကြသည်။ဂင်းဝင်လာတော့နောက်ကပါလာတဲ့ဟခုကိုအထူးဆန်းဝိုင်းကြည့်နေကြတော့သည်။

"ဂင်း နောက်ကျလိုက်တာကွာ"

"အော် မလာခင်ခွေးဆွဲလို့လေ"

*ဟက် အရိုင်းတုံးလေး*

ဟခုသူ့ဘာသာတွေးပီးချက်ချင်းဓူဝံကိုပြေးမြင်မိတော့သည်။အရင်ကလဲသူဓူဝံကိုအဲ့လိုခေါ်ခဲ့ဖူးသည်။

"ဂင်း သူကဘယ်သူလဲမိတ်ဆက်ပေးအုံးလေ"

"အော် သူလား သူကဘာမှမဟုတ်..."

"ဂင်းရဲ့အကိုပါ ဟခုလို့ခေါ်ပါတယ် တွေ့ရတာဝမ်းသာပါတယ်"

ဟခုရဲ့ယောကျာ်းပီသတဲ့အသံခပ်သြသြကထွက်လာတာမို့အဖွဲ့ထဲမှာပါတဲ့မိန်းကလေးတေရဲ့အော်သံများကလှိုင်ကနဲထွက်လာတော့သည်။ဂင်းကချောတာဆိုရင်ဟခုကခန့်တာ။

"ဟခုစန် ကျမကအဆုနပါ နောက်လဲလမ်းတွေ့ရင်နှုတ်ဆက်ကြရအောင်"

အဆုနကစတင်မိတ်ဆက်တော့ကျန်တဲ့သူများကပါအသီးသီးမိတ်ဆက်ကြတော့သည်။ဂင်းက ယခင်ကအဖွဲ့ထဲတွင်အချောဆုံးနဲ့လူချစ်လူခင်အများဆုံးဖြစ်သည့်အလျှောက် အခုတော့ဟခုကိုသာအသည်းသန်မိတ်ဆက်နေကြပီးမိမိကိုမေ့နေတဲ့သူငယ်ချင်းတစ်အုပ်ကြောင့်ဒေါ်သကထောင်းကနဲ။

"ကြောင်သူတော်"

"ဟင် ဂင်း ဘာပြောလိုက်တာလဲ"

"ဘာမှမဟုပါဘူး ငါဗိုက်ဆာနေပီနောက်မှမိတ်ဆက်ကြတော့"

လူအုပ်ကိုနေရာခွဲလိုက်ကာဟခုအားမျက်စောင်းထိုးလိုက်သည်။ထို့နောက်ဆူရှီနဲ့ဆန်အရက်ကိုမှာလိုက်ကာသူငယ်ချင်းတွေပျော်ပျော်ပါးပါးသောက်ကြစားကြတော့သည်။

"ဟခုစန် တစ်ခွက်လောက်တိုက်ပါရစေ"

အဆုနကဆန်အရက်ခွက်ကိုဟခုဆီကမ်းပေးလာသည်။ဟခုလဲထိုခွက်ကိုယူကာသောက်ဖို့လုပ်တော့ ဂင်းကသူ့လက်ကိုတိုက်ချလိုက်တာကြောင့်ကိုယ်ပေါ်မှောက်ကျကုန်သည်။

Make A Wish(System)(Completed)Wo Geschichten leben. Entdecke jetzt