real life 10

11.1K 602 23
                                        

<Unicode>
နှစ်ပတ်ခန့်ကြာသော်....

လေဆိပ်၌...ဂုဏ်တစ်ယောက်ခရီးဆောင်အိတ်တွေချကာ ကားငှါးရန်စောင့်နေသည်။သူစုံစမ်းခဲ့ရသလောက် အရာရှိတည်မြဲအာဏာနဲ့ရာဇဝတ်သားဓူဝံကပြင်သစ်မှာရောက်နေသည်ဟုသတင်းအတိကျရထားသည်။ထိုလူနှစ်ဦးကိုဖမ်းစီးရဖို့သူအရမ်းစိတ်လှုပ်ရှားနေပီ။ရူးမိုက်တယ်ပဲပြောပြော သတ္တိကောင်းတယ်ပဲပြောပြော ပြင်သစ်အထိလိုက်လာပီးလူနှစ်ယောက်ကို သူတစ်ဦးထဲနဲ့ဖမ်းစီးချင်နေတဲ့စိတ်ကထိန်းမရ။

ဘယ်ကနေဘယ်လိုအနံ့ရသလဲဆိုတော့ ဓူဝံရဲ့ဂိုဏ်းကအခုထိလှုပ်ရှားနေသေးသည်။ခေါင်းဆောင်မရှိတော့တာတောင်ဂိုဏ်းကခေါင်းဆောင်အသစ်မရှိပဲ ဆက်လက်လှုပ်ရှားနေသေးတာကြောင့်စုံစမ်းကြည့်တော့ ဓူဝံကဆက်လက်ဦးဆောင်နေဆဲဖြစ်ကာ သူ့အလုပ်ကိုမရပ်နားပဲနဲ့ ပြင်သစ်ကနယ်စပ်မှာ မူးယစ်ဆေးရောင်းဝယ်နေသည်။ထိုကနေတစ်ဆင့်သူတို့တည်နေရာအတိကျအထိပါရသွားတာဖြစ်သည်။

"ဗိုလ်မှူးတည်မြဲအာဏာကတော့ ဒါကိုလက်ပိုက်ကြည့်နေမယ့်သူမဟုတ်ဘူး သေချာတာကဓူဝံကဗိုလ်မှူးကိုသတ်ပီး ဒီမှာခြေရာဖျောက်နေတာပဲဖြစ်ရမယ်"

သူ့ရဲ့နောက်ပစ်မှတ်ကဓူဝံပင်။အစကဗိုလ်မှူးနဲ့ဓူဝံကပေါင်းကြံတယ်ထင်ပေမယ့် တရားမျှတမှုကိုမိမိအသက်ထက်ပိုချစ်တဲ့ဗိုလ်မှူးက ဓူဝံရဲ့ဒုစရိုက်မှုတွေကိုလက်ပိုက်ကြည့်နေမှာမဟုတ်။ဒုစရိုက်သမားနဲ့ချစ်မိတယ်ဆိုတာပိုလို့တောင်မဖြစ်နိုင်။ထို့ကြောင့်ဓူဝံကိုဗိုလ်မှူးအစားလက်စားချေပေးမည်ဟုကြိမ်းဝါးလိုက်သည်။

>>>>>>>>>>>>

"အချစ် မောင်ဒီမှာ!"

ကားရပ်ထားတဲ့နားသို့ဓူဝံကပြုံးရယ်ကာအပြေးလေးလာပီး...

"ဟီး မောင် ငါပစ္စည်းရလာတယ်သိလား"

လက်ထဲကboxလေးကိုအပေါ်မြှောက်ပြကာပြောလာတဲ့ဓူဝံက မျက်နှာနဲ့အင်္ကျီတွေမှာသွေးတွေရွှဲလို့။တည်မြဲလက်ကိုင်ပုဝါလေးထုတ်ပီး ဓူဝံမျက်နှာကသွေးတွေကိုဖွဖွလေးသုတ်ပေးကာ...

"ဒဏ်ရာရလာသေးလား"

"မရပါဘူး ငါဒဏ်ရာရတာနဲ့ မောင်အပြစ်ပေးတာနဲ့မကာမိဘူး ရှရာလေးပါရင်တောင်ငါနှစ်ရက်လောက်အိပ်ရာထဲကမထနိုင်အောင်မောင်ကအပြစ်ပေးမှာလေ!"

Make A Wish(System)(Completed)Where stories live. Discover now