<Unicode>
ရှယ့်ယန်နဲ့ရှောင်းချီ ခုထိမျက်နှာချင်းမဆိုင်ရသေး။ရှောင်းချီက တမင်ရှောင်နေတာဆိုပိုမှန်လိမ့်မယ်။ရှယ်ယန်ကတွေ့ချင်လို့လိုက်ရှာပြန်ရင်လဲ ဟိုဟာအကြောင်းပြ ဒီဟာအကြောင်းပြနဲ့ရှောင်ထွက်သွားပြန်ရော။ရှောင်းချီကမနေ့ညကကိစ္စကြောင့်သူနဲ့မျက်နှာချင်းဆိုင်ရမှာအနည်းငယ်ရှက်နေပုံရသည်။ထို့ကြောင့်သူရှောင်းချီကိုအခန်းထဲကနေပဲထိုင်စောင့်ရန်ဆုံးဖြတ်လိုက်သည်။ထိုအချိန်အခန်းတံခါးပွင့်လာတာကြောင့်ပျော်သွားပေမယ့် ဝင်လာတဲ့သူကရှောင်းချီမဟုတ်ပဲ ယီဇီဖြစ်နေတာကြောင့်စိတ်ညစ်သွားရသည်။"ရှယ့်ယန်ကော"
"ယီဇီ ဘာကိစ္စရှိလို့လဲ"
"ယီဇီ ပြောစရာရှိလို့ပါ"
"ပြောပါ"
ယီဇီကရှယ့်ယန်မျက်လုံးတေကိုသေချာကြည့်ပီး..
"ယီဇီ ရှယ့်ယန်ကောကိုချစ်တယ်"
ရှယ့်ယန် သူမဒီလိုပြောမယ်ဆိုတာသိပီးသားပင်။အရင်ဇာတ်လမ်းမှာကတည်းကဇာတ်လိုက်မကအရင်စကြိုက်တာဖြစ်တာကြောင့် ခုလဲဒီလိုပဲလာမယ်ဆိုတာသိပီးသားဖြစ်သည်။သို့သော် သူမှာချစ်ရမယ့်သူရှိနေပီးသားပင်။ဒါ့အပြင် သူ့ဘဝမှာအကျွမ်းကျင်ဆုံးက ရည်းစားစကားပြောတဲ့သူတေကိုငြင်းတာဖြစ်သည်။
"ကိုယ့်မှာချစ်ရမယ့်သူရှိပီးနေပီ"
"ကျမသိတယ် ရှောင်းချီကောမလား"
"သိနေတာလား?"
"မနေ့ညကမြင်လိုက်တယ်"
"ဒါဆို ကိုယ်အများကြီးပြောပြစရာမလိုတော့ဘူးပေါ့ ကိုယ်ချစ်တာရှောင်းချီကိုပဲ တောင်းပန်ပါတယ်ယီဇီ"
"ဟင့်အင်း ယီဇီကပဲတောင်းပန်ပါတယ်"
သူမတောင်းပန်တဲ့အဓိပ္ပါယ်ကိုစဉ်းစားနေတုန်းမှာပဲရုတ်တရက်ပြုမူလိုက်တဲ့လုပ်ရက်ကြောင့်ရှယ့်ယန်တောင့်ခဲသွားသည်။ယီဇီကရှယ့်ယန်ရဲ့နှုတ်ခမ်းအားဖိကပ်လိုက်ပီး ရှယ့်ယန်ရဲ့လက်ကိုယူကာသူမရဲ့ခါးပေါ်သို့တင်စေလိုက်သည်။ရှယ့်ယန်ရုတ်တရက်ဆန်တဲ့အခြေနေကြောင့်ကြောင်အနေတုန်းမှာပင်.....

ČTEŠ
Make A Wish(System)(Completed)
FantasyAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...