<Unicode>
"အရှင်မင်းကြီး ပြန်လာတာစောသားပဲ အဟက် သူ့ကိုသိပ်လွမ်းနေတာလား""အကြံပေးအမတ်ကြီး!"
ဆယ်ယွန်းကလက်နောက်ပြန်ကြိုးတုပ်ခံထားရပီးကြမ်းပြင်ပေါ်ဒူးထောက်လျှက်အနေထားနဲ့ပါးတစ်ဖက်မှာလဲလက်ချောင်းရာတေဖြင့်နီရဲနေသည်။
"တောက်စ်!"
ဂိုဂျွန်းလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပီးလက်ဆွဲတော်ဓားကိုဆွဲထုတ်ရန်လုပ်တော့ အမတ်ကြီးကဆယ်ယွန်းရဲ့လည်ပင်းကိုဓားနဲ့ထောက်ကာ....
"အိုး စိတ်လျှော့ပါမင်းကြီး မင်းကြီးရဲ့ချစ်ရသူလေးကိုမသေစေချင်ရင်လက်ထဲကဓားကိုချထားလိုက်ပါ"
"အကြံပေးအမတ်ကြီးဒါဘာသဘောလဲ!"
"ဘာသဘောလဲဆိုတော့ ကိုယ့်ကိုကိုယ်ကာကွယ်တဲ့သဘောပါ"
"ဘာ!"
"ဘယ်လိုလဲအထိန်းတော်ရီကတော်တော်များများပြောပြပီးပီထင်ပါတယ်"
"....."
"ကျနော်မျိုးဘယ်လိုသိလဲ မင်းကြီးသိချင်နေမှာပေါ့ ဝင်ခဲ့ဟေ့!!"
ထိုလူကအသံပြုလိုက်တော့ဝတ်ရုံအနက်နဲ့လူတစ်ယောက်ဝင်လာသည်။ထိုလူကဂိုဂျွန်းနဲ့လိုက်ပါခဲ့တဲ့သူတေထဲကတစ်ယောက်ဖြစ်သည်။ကြည့်ရတာသူလျှိုထည့်လိုက်ပုံပင်။
"မင်းကြီးကရုတ်တရက်ကြီးအပြုမူတေထူးဆန်းလာလို့ သူလျှိုထည့်ထားခဲ့တာလေ မင်းကြီးပြန်မရောက်ခင်ကတည်းကခြေလျှင်တော်ကသတင်းလာပေးလို့ ကျနော်မျိုးသိထားခဲ့တာပါ"
*ကျစ် ငါညံ့လို့ဖြစ်ရတာ!*
"အထိန်းတော်ရီပါလာတယ်မလား သူ့ကိုမတွေ့ရတာနှစ်နဲ့ချီနေပီ ကျနော်မျိုးတို့အပြင်ထွက်ကြမလား မင်းကြီး"
ဘာတေကြံစည်နေတယ်မှန်းမသိပေမယ့်ဆယ်ယွန်းကအခုသူ့လက်ထဲမှာမို့သူဘာမှမတတ်နိုင်သေး။ထို့ကြောင့်သူပြောသမျှအတိုင်းသာလိုက်လုပ်ရမှဖြစ်မည်။ဂိုဂျွန်း ဒူးထောက်လျှက်သားဖြစ်နေတဲ့ဆယ်ယွန်းကိုကြည့်ကာစိတ်ပူနေသည်။
*သူဒူးထောက်ထားတာကြာနေပီ နာနေတော့မှာပဲ*
အမတ်ကြီးကဆယ်ယွန်းကိုလက်မောင်းကနေဆွဲထူတော့ပျော့ဖတ်စွာပါလာတာကြောင့် ဂိုဂျွန်းမျက်မှောင်ကျုံ့လိုက်မိသည်။
![](https://img.wattpad.com/cover/328570744-288-k531197.jpg)
ESTÁS LEYENDO
Make A Wish(System)(Completed)
FantasíaAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...