ဆိုင်မွန်(Arc -7.1)

7.7K 612 1
                                    

<Unicode>
ရိန်းနိုးလာတော့စိမ်းသက်နဲ့မျက်နှာကျက်ကိုအရင်ဆုံးမြင်လိုက်ရသည်။

"ဟင်!"

သူအလန့်တကြားထထိုင်လိုက်ကာဖြစ်ခဲ့သမျှကိုပြန်စဉ်းစားလိုက်တော့...

"ငါအခုလူသတ်သမားအိမ်ရောက်နေတာပေါ့"

"နိုးတောင်နိုးနေပီလား ကိုယ်ကအခုပဲလာနှိုးတော့မလို့"

မရင်းနီးတဲ့အသံနဲ့အတူအခန်းထဲဝင်လာတဲ့လူကသူ့ကိုခေါ်လာတဲ့သူဖြစ်နေသည်။

"ခဗျားက"

"ကိုယ့်နာမည်ကဆိုင်မွန် မင်းကရော"

"ရိန်း"

"ဗိုက်ဆာပီလား"

"ဟင့်အင်း"

"ရေချိုးချင်လား ကိုယ်ရေနွေးစပ်ပေးမယ်"

"ခဗျား..."

"မေးချင်တာတေရှိနေမှန်းသိတယ် လာရေချိုးရင်းကိုယ်အားလုံးရှင်းပြမယ်"

ပွေ့ချီလာပြန်တဲ့သူရဲ့နောက်ကိုကြောင်အစွာပါသွားရပြန်သည်။ဆိုင်မွန်ကရိန်းရဲ့အဝတ်စားများချွတ်ပေးကာbathtubeထဲဝင်စေပီး သူကိုယ်တိုင်ပါအဝတ်စားများချွတ်ပီးအတူဝင်ထိုင်လိုက်သည်။သူစိမ်းယောက်ျားရှေ့မှာကိုယ်တုံးလုံးဖြစ်နေပေမယ့်ရိန်းရဲ့မျက်နှာကရှက်တဲ့အရိပ်ယောင်မမြင်ရတာကြောင့် ဆိုင်မွန်စိတ်အလိုမကျပေမယ့်ရဲတက်နေတဲ့ရိန်းရဲ့နားရွက်လေးကြောင့်စိတ်ပြေသွားရတော့သည်။

"အရင်ဆုံး ကိုယ့်ကိုမင်းအကြောင်းပြောပြပါလား"

"သူစိမ်းတေကိုငါ့အကြောင်းမပြောပြဘူး"

"ဒါဆိုကိုယ်တို့လက်ထပ်ပီးရင်ပြောပြမှာလား"

ရိန်းကအံသြတကြီးသူ့ကိုမော့ကြည့်လာတော့ဆိုင်မွန်ဟက်ကနဲရယ်ချကာ...

"ကဲပါ အချစ်မပြောချင်မောင်အရင်ပြောပြမယ် မောင်ကstar lightကုမ္မဏီရဲ့ceoလို့ပဲခနမှတ်ထား ပီးမှမောက်ရဲ့ပိုင်ဆိုင်မှုတေကိုသေချာပြောပြမယ် မောင့်မှာလက်ထပ်ထားတဲ့သူရှိတယ်"

ထိုစကားကြောင့်ရိန်းကနာကျည်းစွာပြုံးလိုက်တာကိုမြင်လိုက်ရရုံကလွဲပီးသူ့အတွက်မထူးဆန်းသလိုပင်။

Make A Wish(System)(Completed)Where stories live. Discover now