<Unicode>
ပြာယာခတ်သွားတဲ့ဂိုဂျွန်းကြောင့်အမတ်ကြီးကလှောင်ရယ်လိုက်ပီး....
"သိပ်ချစ်တတ်ကြတာပဲ မင်းကြီးကမင်းကြီးရဲ့ဖခင်နဲ့သိပ်တူတယ် မင်းကြီးရဲ့ဖခင်ကပီယဆေးမိထားတာတောင်ဆေးပြယ်သွားတဲ့အချိန်တိုင်းသင့်မိခင်နာမည်ကိုပဲတနေခဲ့တာ အဲ့တာကြောင်ဆေးမပြယ်အောင်နေ့တိုင်းတိုက်မိတော့ စိတ်ထဖောက်ပီးကျနော်မျိုးသမီးကိုပါသတ်ပစ်ခဲ့တယ်"
"အဲ့တာကိုယ့်ရှူးကိုယ်ပြန်ပတ်တာလေ"
"ဟုတ်တာပေါ့အဲ့လိုပဲပြောရတော့မှာပေါ့ အဲ့တာကြောင့်မင်းကြီးအလှည့်မှာဆေးပမာဏကိုလျှော့ထားပေမယ့် မင်ကြီးကကျနော်မျိုးတို့ကိုအရူးလုပ်တယ် မင်းကြီးကသိပ်လျှော့တွက်လွန်းတယ် ကျနော်မျိုးကမင်းကြီးမမွေးခင်ထဲကနန်းတော်ထဲကျင်လည်လာခဲ့တာ"
"စကားတွေရှည်အောင်ပြောမနေနဲ့!အခုဆယ်ယွန်းကိုလွှတ်ပေးလိုက်တော့!"
"စိတ်မကောင်းပေမယ့် ကျနော်မျိုးမလွှတ်ပေးနိုင်တော့ဘူး ဒါပေမယ့်စိတ်မပူပါနဲ့ မင်းကြီးကိုရောသူ့ကိုပါသတ်ပီးအတူတူအုတ်ဂူလေးပြုလုပ်ပေးမှာပါ ပီးရင်ကျနော်မျိုးကထီနန်းကိုလက်လွှဲယူမယ် ကျနော်မျိုးရဲ့သမီးတော်ကိုအနီးနားတိုင်းပြည်ကဘုရင်တစ်ပါးနဲ့လက်ဆက်ပေးမယ် ဘယ်လိုလဲ ကျနော်မျိုးအကြံကပီးပြည့်စုံတယ်မလား ဟား ဟား ဟား!"
အထိန်းတော်ရီတစ်ယောက်နောက်မှာဒူးထောက်နေရင်းဝမ်းနည်းမျက်ရည်ကျနေမိသည်။အမတ်ကြီးရဲ့မကောင်းတဲ့လုပ်ရက်တွေကိုသူအမြဲတမ်းဘာမှမတတ်နိုင်ပဲထိုင်ကြည့်နေခဲ့ရသည်။အခုလဲမင်းကြီးကအမတ်ကြီးကြောင့်ကျဉ်းထဲကျပ်ထဲရောက်နေပြန်သည်။သူမရဲ့မျက်စိရှေ့မှာ မတရားတာကိုကြည့်နေနိုင်ဖို့ခွန်အားမရှိတော့ပေ။ထပ်တူညီတဲ့အမှားမျိုးထပ်မလုပ်ချင်တော့။ထို့ကြောင့်သူမဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
*အပြစ်ကြွေးကိုဆပ်ခွင့်ပြုပါမင်းကြီး*
အထိန်းတော်ရီသူ့ဘေးကရဲမတ်လက်ထဲကဓားကိုဆွဲလုကာအမတ်ကြီးဆီသို့ပြေးသွားတော့သည်။ရုတ်တရက်မို့ရဲမတ်တွေလဲကြောင်အသွားကာလိုက်မဖမ်းမိ။အထိန်းတော်ရီကအမတ်ကြီးကိုဓားနဲ့ထိုးရန်လက်မြှောက်လိုက်ချိန် ဘေးကချောဟယ်ကအထိန်းတော်ရီကိုဓားမြှောင်နဲ့ထိုးချလိုက်တော့သည်။
ВЫ ЧИТАЕТЕ
Make A Wish(System)(Completed)
ФэнтезиAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...
