ဆိုင်မွန်(Arc -7.3)

7.6K 596 5
                                    

<Unicode>
"ကိုကို!ကိုကိုမနေ့ကဟိုကောင်ကို့ဘာလို့အိမ်ပေါ်ခေါ်တင်လာတာလဲ!"

ဆိုင်မွန် ရိန်းအတွက်မနက်စာပြင်နေတုန်းနာအိုကမီးဖိုခန်းထဲဒေါသတကြီးဝင်လာကာပြောလေသည်။

"ဒါငါ့အိမ် ငါခေါ်ချင်တဲ့သူကိုခေါ်တင်တာ ဘာပြဿနာရှိလို့လဲ"

"ကိုကို!အဲ့ကောင်..."

ဒုန်း!!

ဆိုင်မွန်လက်ထဲကအသားလှီးနေတဲ့ဓားကိုနာအိုဘက်ပစ်ပေါက်လိုက်တော့ နာအိုဘေးကရေခဲသေတ္တာမှာစိုက်သွားတော့ လန့်သွားတာကြက်သေ,သေသွားသည်။

"နောက်တစ်ခါဆိုအဲ့ဓားကမျက်နှာပေါ်စိုက်သွားလိမ့်မယ်!အခုထဲကကြိုပြောထားမယ် ဒီအိမ်မှာနေနေသ၍ငါ့ကိုသခင်လို့ပဲခေါ်ရမယ် ရိန်းကိုသခင်လေးလို့ခေါ် နောက်ပီးငါ့ရှေ့မှာရိန်းအပေယ်စော်ကားပြောဆိုလာရင် ငါ့အဆိုးမဆိုနဲ့ မင်းကိုဒီအိမ်ပေါ်ခေါ်တင်ထားလိုက်တာနဲ့ဒီအိမ်ရဲ့သခင်မဖြစ်ပီထင်မနေနဲ့! ငါစိတ်မကြည်ရင်အချိန်မရွေးမောင်းချလိုက်လို့ရတယ်ဆိုတာမှတ်ထား!"

"....."

နာအိုမှာခုထိshockရကာနေရာမှာပဲတောင့်တောင့်ကြီးရပ်နေသည်။

"မောင်"

ဆိုင်မွန်ရဲ့လူသတ်တော့မဲ့အရိပ်ယောင်တေဟာရိန်းရဲ့အသံလေးကြောင့်ချက်ချင်းပျောက်ကွယ်သွားကာ...

"အချစ် နိုးပီလား ဘာလို့အောက်ဆင်းလာတာလဲကွာမောင့်ကိုခေါ်လိုက်ပေါ့"

"ငါနိုးလာတော့မောင့်ကိုမတွေ့လို့"

ဆိုင်မွန်ကရိန်းရဲ့လက်ကိုဆွဲခေါ်ကာထမင်းစားပွဲမှာထိုင်စေသည်။

"မောင်သူက?"

တောင့်တောင့်ကြီးရပ်နေတဲ့နာအိုကိုလက်ညှိုးထိုးကာမေးလာတော့...

"မောင်ပြောတဲ့တစ်ယောက်လေ နာအိုတဲ့"

"အော် တွေ့ရတာဝမ်းသာပါတယ် ရိန်းပါ"

နာအိုလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လို့ထိုနေရာကထွက်လာတော့သည်။အခန်းထဲရောက်တော့ရှိရှိသမျှဒေါသတေကိုအခန်းထဲကပစ္စည်းတေပေါ်ပုံချပီးရိုက်ခွဲတော့သည်။

Make A Wish(System)(Completed)Where stories live. Discover now