ရှယ့်ယန်(Arc -3.5)

10K 765 27
                                    

<Unicode>
"ချီကောကော"

ရှောင်းချီခနအမောဖြေနေတုန်းအနားရောက်လာတဲ့ရှယ့်ယန်ကြောင့် ဘာလဲဆိုတဲ့သဘောဖြင့်မျက်ခုံးပင့်ပြလိုက်သည်။

"ချီကောကော ရည်းစားထားဖူးလား"

"မင်းနဲ့ဘာဆိုင်လို့လဲ"

"ဆိုင်လို့ပေါ့ ပြောပြပါ"

"မထားဖူးဘူး"

"ဒါဆိုရည်းစားစကားရောအပြောခံရဖူးလား"

"မင်းဘာလာဖြစ်နေတာလဲ"

"လုပ်ပါ ပြောပြပါ"

"အပြောမခံရဖူးဘူး"

"ဒါဆို ကိုယ်ရည်းစားစကားပြောမယ်နော်ရလား"

"ဟမ်?"

"နားထောင်နော် ကိုယ်ပြောမယ်"

ထို့နောက်ချောင်းအသာဟန့်ကာသူ့နောက်ကနေအခြေနေကြည့်နေတဲ့ချင်းမုကိုလက်မထောင်ပြလိုက်သည် သဘောကသူလုပ်နိုင်ပါတယ်ပေါ့..

"အဟမ်း!ချီကောကော ပင်လယ်ကြီးကမကျယ်ဘူးလား"

"ပင်လယ်ကျယ်လားမကျယ်လားတောင်မသိပဲ မင်းကရည်းစားထားချင်သေးတယ်!"

"အင်?"

ရှယ့်ယန်ဆက်ပြောမယ့်စကားတေလည်ချောင်းထဲတစ်ကုန်သည်။ထိုအခါနောက်ကိုလှည့်လို့ချင်းမုကိုအကူညီတောင်းတဲ့အကြည့်နဲ့လှမ်းကြည့်တော့ချင်းမုကဆက်ပြောရန်တိုက်တွန်းလေသည်။

"ဟို ကလေးအမေကသူ့ကလေးကိုနို့မတိုက်ဘူးလား"

"သူ့ကလေးကိုမတိုက်လို့ မင်းကိုတိုက်ရမှာလား"

"ဟင့်!"

ရှယ့်ယန်အခက်တွေ့လာကာချင်းမုကိုလှည့်ကြည့်ပြန်သည်။ချင်းမုကအဆင့်နှစ်ကိုဆက်လုပ်ရန်အချက်ပြလာတော့...

"ဒါဆို နောက်တစ်ခုပြောမယ် ပန်းချီဆရာကဆေးမချယ်ဘူးလား ချီကောကော"

"ပန်းချီဆရာကဆေးမချယ်လို့ တောင်းစားနေရမှာလား"

"တော်ပီကွာ မပြောတော့ဘူး!"

ရှယ့်ယန်တစ်ယောက်စိတ်ဆိုးကာဝုန်းဒိုင်းကျဲပီးထွက်သွားတော့သည်။သူ့မှာအဲ့တာကိုရဖို့မနည်းကျက်ထားရတာကို ရှောင်းချီကအစလေးတောင်ဖော်ခွင့်မပြုဘူး သူအရမ်းစိတ်ဆိုးတယ်။ဆူပုတ်ကာထွက်သွားတဲ့ရှယ်ယန်ကြောင့် ရှောင်းချီရဲ့ပါးထက်ကပါးချိုင့်လေးတေထွက်ပေါ်လာသည်အထိပြုံးလိုက်မိသည်။

Make A Wish(System)(Completed)Where stories live. Discover now