ဂိုဂျွန်း(Arc -4)

8.8K 685 15
                                    

<Unicode>
*ဂိုဂျွန်းလို့ပဲသုံးပါတော့မယ်*

ဂိုဂျွန်းချက်ချင်းပင်မြေအောက်အကျဉ်းတိုက်ဆီသို့ခပ်သွက်သွက်သွားလိုက်သည်။အကျဉ်းတိုက်တံခါးဖွင့်ပေးလိုက်သည်နှင့်အအေးဓာတ်ကကျောထဲစိမ့်ကနဲပင်။အနံ့သက်ကလဲဆိုးဝါးသည့်အပြင် အချမ်းဓာတ်ကလဲပိုနေသည်။ထို့သို့သောနေရာတွင် သံတိုင်လေးကြားမှာခွေခွေလေးလှဲနေတဲ့ကိုယ်လုံးလေးတစ်ခု။ဝတ်ရုံတေကစုတ်ပြတ်သက်နေပီး ကြာပွတ်ဖြင့်အရိုက်ခံထားရပုံပင်။ဝတ်ရုံလေးမလုံတလုံဖြင့်သွေးထွက်နေသေးသည့်ဒဏ်ရာများက အအေးဓာတ်နဲ့ပေါင်းပီးဘယ်လောက်တောင်ကိုက်ခဲနေလိုက်မလဲ။

"ဆယ်ယွန်း"

သူ့ခေါ်သံလေးကြားတော့မှိန်းနေတဲ့ကိုယ်လုံးလေးကခေါင်းထောင်ကြည့်လာတော့ ဂိုဂျွန်းရင်ထဲဆွဲညစ်ခံလိုက်ရသလိုပင်။မျက်နှာတစ်ခုလုံးဖူးယောင်နေကာမျက်ဝန်းတေကနာကျင်နေဟန်။

"တံခါးဖွင့်စမ်း!"

ဂိုဂျွန်းအမိန့်ပေးလိုက်တော့အစောင့်ကသံတိုင်တံခါးကိုဖွင့်ပေးလာသည်။တံခါးပွင့်သွားတာနဲ့ချက်ချင်းထိုကိုယ်ငယ်လေးဆီသို့အပြေးသွားကာပေါင်ပေါ်ပွေ့တင်လိုက်ပီး.....

"ဆယ်ယွန်း ခနလေးသည်းခံပေးနော် ကိုယ်သမားတော်ခေါ်ပေးမယ်"

တစ်ကိုယ်လုံးအေးစက်နေကာနှုတ်ခမ်းတေဖြူဖျော့နေပီးမျက်လုံးတောင်အနည်းငယ်ပဲဖွင့်နိုင်တော့တဲ့လီဆယ်ယွန်းကြောင့် သူ့ဝတ်ရုံနဲ့ထွေးပွေ့လိုက်ကာကိုယ်ငွေ့ပေးရင်း ပွေ့ချီလိုက်သည်။

"သတိမလစ်သွားစေနဲ့နော် မျက်လုံးဖွင့်ပီးအားတင်းထား"

ဂိုဂျွန်းထိုနေရာမှမြန်မြန်ထွက်လာပီးအစောင့်ကိုလှည့်ကြည့်ကာ....

"ငါဆယ်ယွန်းကိုပြန်ခေါ်သွားတာဘယ်သူမှမသိစေနဲ့ ဘယ်သူဘာမေးမေး ဆယ်ယွန်းကအချုပ်ခန်းထဲမှာပဲ ငါပြောတာရှင်းလား!"

"ရှင်းပါတယ် မင်းကြီး"

°°°°°°°°°°°°°°°°°

ဂိုဂျွန်းဘယ်သူမှမမြင်ခင်သူ့အဆောင်တော်ထဲလီဆယ်ယွန်းကိုပွေ့ချီသွားသည်။ထို့နောက်အစေခံတေကိုရေနွေးနဲ့ပိုးသားသဘတ်တစ်ထည်ယူလာခိုင်းကာ သမားတော်ပါပင့်စေလိုက်သည်။ပီးတာနဲ့အားလုံးကိုအပြင်မှာထွက်နေခိုင်းလိုက်သည်။အိပ်ယာပေါ်ကလီဆယ်ယွန်းက နူးညံ့တဲ့အိပ်ယာနဲ့ထိထိချင်းမှာပဲ စိတ်ချလက်ချအိပ်ပျော်သွားတော့သည်။

Make A Wish(System)(Completed)Where stories live. Discover now