ရှယ့်ယန်(Arc -3.4)

8.9K 743 22
                                    

<Unicode>
ရှယ့်ယန်အချက်ပေးလိုက်တာနဲ့အားလုံးကလူစုခွဲကာအပေါ်ထပ်သို့တက်သွားတော့သည်။ရှောင်ချီနဲ့ချင်းမုက ရှယ့်ယန်ဖခင်နဲ့မိထွေးဖြစ်သူကို ဧည့်ခည်ကစားပွဲတွင်ကျောချင်းပူလျက်သားဖြင့်ကြိုးတုပ်လိုက်ကြသည်။

"မုကော အပေါ်ထက်ကထောင့်ဆုံးအခန်းမှာမီးခံသေတ္တာရှိတယ် pwကxxx"

"သားယန်"

"ပါးစပ်ပိတ်ထား အဖွားကြီး!!"

ရှောင်းချီကထအော်လိုက်တော့လန့်ကာပါးစပ်ပိတ်သွားသည်။ရှောင်းချီဒီအဘွားကြီးကိုလုံးဝကြည့်မရပါ ရှယ့်ယန်အပေါ်မှာယုတ်မာခဲ့တဲ့သူမို့ ပိုလို့တောင်မုန်းပါသည်။ရှယ့်ယန်ကတော့သူ့ရဲ့ဒေါသအိုးလေးကိုကြည့်ကာပြုံးလို့။

"ကဲ ကဲ ယူကြ ယူကြ ဟေ့!အဲ့ပန်းအိုးကြီးမယူနဲ့ အဲ့တာက လေးပဲလေးတာတန်ဖိုးမရှိဘူး ဟိုမှာ ဟိုးနားကအိုးကိုယူအဲ့တာဒေါ်လာသိန်းချီတန်တယ် တန်ဖိုးကြီးတာပဲရွေးယူကြနော်"

ရှယ့်ယန်ရဲ့ဖခင်ဟာ သူ့သားရဲ့ရက်ရောမှုတေကြောင့် ​သွေးတောင်တိုးချင်လာသည်။ရိရင်းကတော့အဆိုးဆုံးပေါ့ သူမပိုင်တော့မယ်ထင်တဲ့ပစ္စည်းတေကိုသူမမျက်စိရှေ့မှာတင်အကုန်ယူချသွားတာကြောင့် ဟန်တောင်မဆောင်နိုင်တော့ပဲငိုချပါတော့သည်။

"စိတ်မပူပါနဲ့ ကျနော်တိုအကုန်ယူသွားမှာမဟုဘူး ခဗျားလမ်းဘေးမရောက်စေရပါဘူး"

ရှောင်းချီကထိုမျှသာပြောပီးထွက်သွားတော့သည်။ကျန်အဖွဲ့သားများကလဲလိုချင်တာတေယူပီးရှောင်းချီနောက်လိုက်သွားကြသည်။ရှယ့်ယန်ကသူ့ဖခင်ဘေးမှာဒူးတုတ်ထိုင်ကာ....

"သူပြောသလိုပဲ အဖေတို့ကိုလမ်းဘေးရောက်အောင်မလုပ်ပါဘူး ဘာလို့ဆိုသူကလမ်းဘေးမှနေရတဲ့ဒုက္ခကိုကောင်းကောင်းသိတာမို့လို့ ဘယ်သူ့ကိုမှအဲ့လိုမခံစားစေချင်လို့ပဲ အဖေပိုက်ဆံဆိုတာလူတေရဲ့အချိန်တေကိုစုပ်ယူပစ်နေတဲ့အရာပဲ အဖေလောဘတကြီးရှာခဲ့တာတေကခုလိုပဲနေ့ချင်းညချင်းပျောက်သွားနိုင်တယ် ချစ်ချင်းမေတ္တာကတော့ဘယ်တော့မှမပျောက်ကွယ်သွားနိုင်ဘူး ဒီလူတေအားလုံးကအဖေဖြိုချပစ်လိုက်တဲ့ဂေဟာကလူတေပဲ အဖေကသူတို့ဘဝကိုဖျက်စီးခဲ့တာတောင်သူတို့ကအဖေ့အတွက်စာနာပေးခဲ့သေးတယ် အဖေ့ရဲ့အဆိုးချိန်တေမှာပိုက်ဆံကအဖေနားရှိနေမှာရှိနေလား"

Make A Wish(System)(Completed)Where stories live. Discover now