<Unicode>
"ဂင်းစိတ်လျော့ပါ ကိုယ့်ဆီမှာကလပ်ထဲကအနံ့တေပါလာတာခေါင်းမူးလို့ ရေသေချာချိုးနေတာနဲ့ကြာသွားမှန်းမသိလိုက်ဘူး စိတ်မတိုပါနဲ့ကွာ"အထာနပ်လာတဲ့ဟခုကဂင်းတစ်ဖြစ်လဲဓူဝံရဲ့အကျင့်ဆိုးလေးတေကိုသေချာသိနေပီဖြစ်သည်။ဓူဝံကအရမ်းစိတ်ဆတ်တယ် ကြည့်ပါအုံး တခြားသူရဲ့ကိုယ်ထဲရောက်နေတာကြောင့်အကျင့်လေးတေပါမပြောင်းဘူးပဲ။
ကလေးချော့သလိုလေပြေလေးနဲ့ချော့ပြောနေတဲ့ဟခုကြောင့်ဂင်းနည်းနည်းရှက်သွားသည်။သူ့ပုံစံကနည်းနည်းအိုဗာဖြစ်သွားမှန်းသိလိုက်သည်။ထို့ကြောင့်ဟခုကိုကျောပေးလိုက်ပှး..
"ငါဗိုက်ဆာနေပီ မြန်မြန်အဝတ်စားလဲပီးညစာလာလုပ်ပေး"
"ဟုတ်ပါပီကွာ ၅မိနစ်ပဲစောင့်နော်"
ဂင်းကအရင်အခန်းထဲကထွက်သွားတော့ဟခုလဲအဝတ်စားမြန်မြန်လဲကာဂင်းအတွက်ညစာပြင်ပေးပီးနှစ်ယောက်သားအတူစားလိုက်ကြသည်။ဂင်းကအရှက်မပြေသေးတာကြောင့်သူကပဲစကားလမ်းကြောင်းတေလွဲပီးရောက်တတ်ရာရာများပြောကာညစာကိုအတူတကွအေးချမ်းစွာစားဖြစ်ခဲ့ကြသည်။
>>>>>>><>>>>>
ဟခုထုံးစံအတိုင်းဂင်းကိုကျောင်းသို့လာကြိုသည်။ကျောင်းပေါက်ဝမှာစောင့်နေတဲ့ဂင်းကိုတွေ့တော့တနေ့လုံးအလုပ်ထဲမှာပင်ပန်းလာသမျှကိုမေ့ပျောက်သွားတော့သည်။
"ခဗျားဒီနေ့စောသားပဲ"
"မင်းရပ်စောင့်နေတာညောင်းနေမှာဆိုးလို့"
ရိုးရှင်းတဲ့စကားလေးပေမယ့်ဂင်းရဲ့ပါးချိုင့်လေးတေပေါ်အောင်ရယ်နိုင်တဲ့အထိစွမ်းဆောင်လိုက်နိုင်ပါသည်။
"ဟခုစန်!"
"ဟူးး"
ဟခုလေပူများမှုတ်ထုတ်လိုက်ကာအဆုနကိုလှည့်ကြည့်လိုက်သည်။
"ဟခုစန် ညီမပြောထားတာစဉ်းစားပီးပီလား"
"ဘာကိုလဲဟခု"
ဂင်းကမေးလိုက်တော့..
"ငါဟခုစန်ကိုအဖြေတောင်းထားတာ"
![](https://img.wattpad.com/cover/328570744-288-k531197.jpg)
YOU ARE READING
Make A Wish(System)(Completed)
FantasyAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...