ဆိုင်မွန်(Arc -7)

8.2K 629 11
                                    

<Unicode>
*ဆိုင်မွန်လို့ပဲသုံးပါတော့မယ်*

ဆိုင်မွန်ကားသော့ဆွဲကာအပြင်သို့ထွက်ရန်လုပ်တော့ဧည့်ခန်းမှာအခန့်သားဝိုင်ထိုင်သောက်နေတဲ့နာအိုက...

"ကိုကို ဘယ်သွားမလို့လဲ"

"အပြင်"

နာအိုကခနတွေးကာပီးတော့မှမဲ့ပြုံးလိုက်ပီး..

"နာအို အိမ်ကနေပဲစောင့်နေမယ်နော် မြန်မြန်ပြန်လာခဲ့နော်"

အဖြေပြန်မပေးပဲထွက်သွားတဲ့ဆိုင်မွန်ကိုကြည့်ကာလက်ထဲကဝိုင်ကိုဟန်ပါပါသောက်လိုက်သည်။ဆိုင်မွန်ကဟိုကောင်တကယ်ညငှက်ဟုတ်မဟုတ်အတည်ပြုဖို့သွားတာဖြစ်နိုင်သည်။သူ့မျက်လုံးနဲ့ကိုယ်တိုင်မြင်ပီးရင်အဲ့ကောင်ကိုစိတ်ထဲကထုတ်ပီးသူမဆီပဲပြန်လာမည်ဟုသာတွေးရင်းလှောင်ရယ်နေတော့သည်။

ဆိုင်မွန်ကားမောင်းရင်းဒေါသထွက်နေသည်။သူ့အိမ်ပေါ်မကြောက်မလန့်အခန့်သားမျက်နှာပြောင်တိုက်ပီးတက်လာပီးသူ့အိမ်လိုပြုမူနေတဲ့သူမကို တိုင်နဲ့ခေါင်းနဲ့အချက်တစ်ရာလောက်ဆောင့်သတ်ပစ်ချင်နေသည်။သို့သော်missionမပီးသေးပဲသတ်လိုက်မိရင်နစ်နာမှာသူနဲ့သူ့အချစ်ပေမို့ စိတ်လျှော့ထားရသည်။

star hotelရှေ့ရောက်တော့ရိန်းဖြစ်နိုင်မဲ့သူကိုလိုက်ရှာပေမယ့်မတွေ့။ထို့ကြောင့်ဟိုတယ်ထဲဝင်ရှာကြည့်လိုက်သည်။holeအောက်တွင် သီးသန့်ဘားလေးတစ်ခုဖွင့်ထားတာကြောင့်ထိုဘားအတွင်းဝင်လိုက်သည်။မီးရောင်စုံအောက်ကလူတိုင်းကိုကြည့်ရင်းရိန်းဖြစ်နိုင်တဲ့သူကိုမတွေ့ပဲ ခေါင်းသာမူးလာသည်။ထို့ကြောင့်သန့်စင်ခန်းဘက်ထွက်လာချိန်....

"ဒီနေရာမှာလုပ်ဖို့လား"

သန့်စင်ခန်းဘက်ကနေကြားလိုက်ရတဲ့အသံလေးကြောင့်ဆက်မဝင်ဖြစ်တော့ပဲအပြင်မှာရပ်လိုက်မိသည်။

"အတွေ့ကြုံအသစ်ပေါ့ကွာ"

အများသုံးသန့်စင်ခန်းထဲမှာမဖွယ်မရာလုပ်ရန်ကြိုးစားနေကြတဲ့နှစ်ယောက်ကြောင့်ဆိုင်မွန်စိတ်ရှုပ်စွာပဲပြန်လှည့်ဖို့လုပ်လိုက်ချိန်...

Make A Wish(System)(Completed)Where stories live. Discover now