ဂိုဂျွန်း(Arc -4.3)

8.7K 683 7
                                    

<Unicode>
"မိဖုရားဒီညအိပ်ဆောင်ဝင်ဖို့က..."

"ထားလိုက်တော့ပြန်မယ် အရှင်ကစိတ်လွတ်သွားပြန်ပီထင်တယ် ကောင်းပါတယ်အဲ့တာမှဟိုကောင်ကိုကောင်းကောင်းနှိပ်ဆက်နေမှာ အဟင်း!"

ထို့နောက်အခန်းရှေ့မှထွက်သွားပီးကိုယ့်အဆောင်ကိုပြန်လာလိုက်သည်။ဂိုဂျွန်းစိတ်လွတ်နေရင်အနားမှာသူမနေရဲ ဆယ်ယွန်းနှိပ်ဆက်ခံထားရတဲ့ဒဏ်ရာတေမြင်ပီး သူလဲအဲ့လိုအလုပ်ခံရမှာကြောက်နေတာဖြစ်သည်။

အခန်းရှေ့ကလူတေထွက်သွားတော့မှ ဂိုဂျွန်းလက်ထဲကတုတ်ကိုပစ်ချကာ သူရိုက်ထားလို့ငှက်မွေးတေထွက်နေတဲ့ခေါင်းအုံးကိုအခန်းထောင့်မှာသွားထားလိုက်တော့သည်။ထို့နောက်ရေခရားထဲမှရေလေးငှဲ့ကာ ကုတင်ပေါ်ထိုင်နေတဲ့ဆယ်ယွန်းနားသွားလိုက်ပီး...

"အော်ရတာမောသွားပီ မောင့်အချစ်လေး ရော့ရေလေးသောက်လိုက်"

"ဟူးး လည်ချောင်းတောင်နာတယ်"

"အဟား!မောင့်အချစ်လေးကအရမ်းတော်တာပဲကွာ!"

"မောင်ကပိုတော်တာပါနော် ငါ့ကိုဆွဲလိုက်တာများတကယ်ကိုင်ပေါက်တော့မလိုပဲ"

"အာ မောင့်အချစ်လေးနာသွားလား ပြပါအုံးကွာ လက်လေးနာသွားပီလားမသိဘူး"

ဂိုဂျွန်းကဆယ်ယွန်းရဲ့လက်လေးနှစ်ဖက်ကိုဆွဲယူကာစစ်ဆေးပီးနှာခေါင်းနဲ့တရှုံ့ရှုံ့လိုက်နမ်းတော့သည်။

"မောင်အနမ်းပေးလိုက်လို့မနာတော့ဘူး ဟီး"

စကားတတ်တဲ့ကောင်လေးကိုပေါင်ပေါ်ဆွဲတင်ကာလက်နှစ်ဖက်နဲ့ကိုယ်လုံးလေးကိုဖျစ်ညစ်လို့ ပါးချိုင့်လေးကိုနှာခေါင်းနစ်ဝင်သွားတဲ့အထိနမ်းရှိုက်လိုက်တော့ သဘောတကျရယ်နေပြန်တယ်။

"မောင် အခြေနေဘယ်လိုရှိလဲဟင်"

"မောင်စုံစမ်းနေတယ်အချစ်လေး မကြာခင်အဖြေပေါ်တော့မှာပါ"

"ငါကူညီနိုင်တာရှိရင်ပြောနော်"

"ရှိတယ် မောင့်ကိုကူညီပါလား"

"ဟင် ဘာလဲ"

"မောင်အချစ်ရဲ့အနမ်းလေးအရမ်းလိုချင်တာ မရရင်ဒီမောင်ရင်ကွဲပီးသေရပါလိမ့်မယ်အချစ်ရယ်"

Make A Wish(System)(Completed)Where stories live. Discover now