<Unicode>
ခွန်နဒ္ဒနေ့လည်စာကိုကန်တင်းတွင်မစားပဲသူ့ရုံးခန်းထဲမှာသာdeliနဲ့မှာစားဖို့လုပ်လိုက်သည်။မုန်းမာန်ကရွှေယမင်းနဲ့နေ့လည်စာစားရင်း ရင်းနှီးမှုယူချင်သည်ထင်သည်။ထို့ကြောင့်နှစ်ယောက်သားနီးစပ်စေရန်သူကပဲရှောင်ပေးလိုက်သည်။ဒါဆိုဘယ်သူမှအလုပ်မရှုပ်ကြတော့ဘူးလေ။
ဒေါက် ဒေါက်
"ဝင်ခဲ့ပါ"
ရွှေယမင်းကအခန်းထဲဝင်လာကာ....
"ကို နေ့လည်စာထွက်မစားဘူးလား"
"ကိုယ်အလုပ်တွေမပီးသေးလို့ ဒီမှာပဲစားရင်းလုပ်မလို့"
"အရမ်းများလို့လား သဲကူလုပ်ပေးမယ်လေ"
"ရပါတယ် ကိုယ်လုပ်နိုင်ပါတယ် ထမင်းသွားစားတော့လေ"
"ဟိုလေ ကို သဲကိုပိုက်ဆံလေးနည်းနည်းလောက်ထပ်လွှဲပေးပါလားဟင်"
"အင်း ဘယ်လောက်လိုတာလဲ"
"ဟို ၅သိန်းပါ"
"ကိုယ်လွှဲလိုက်မယ်"
"ဟုတ် ဒါဆိုသဲသွားတော့မယ်နော် ကိုအကူညီလိုရင်ခေါ်လိုက်နော်"
"အင်းပါ"
တံခါးပိတ်သွားတော့ခွန်နဒ္ဒကွန်ပျူတာကိုနှိပ်ရင်းစဉ်းစားမိသည်။
*သူဘာလို့ပိုက်ဆံမကြာခဏတောင်းနေတာလဲ သူ့မိဘတွေများဆေးရုံတက်နေရလို့လား နောက်ကျရင်သေချာမေးကြည့်ရမယ် လူနာသတင်းလေးဘာလေးလဲမေးရတာပေါ့*
•••••••••••
ခွန်နဒ္ဒထိုင်မရထမရဖြစ်နေသည်။အကြောင်းကdeliသမားကခုထိရောက်မလာသေး နာရီကြည့်တော့လဲ၁၂ခွဲနေပီ သူ့မှာဗိုက်ဆာလို့ဟိုဖိဒီဖိလုပ်နေရသည်။ခနကြာတော့မခံနိုင်တဲ့အဆုံး ရုံးကမီးဖိုခန်းဆီသွားတော့သည်။သူတို့ရုံးတွင် night dutyဆင်းသူများ over timeဆင်းသူများအတွက် ဗိုက်ဆာရင်တစ်ခုခုလုပ်စားနိုင်အောင်မီးဖိုခန်းအသေးလေးပြုလုပ်ထားပေးသည်။ရေနွေးအိုး၊ရေခဲသေတ္တာနဲ့ အခြား အစာပြေမုန့်များလဲထည့်ထားပေးတာမို့အဆင်ပြေလှသည်။
ခွန်နဒ္ဒ ၃မိနစ်အိုးဖြင့်ရေနွေးတည်ကာကော်ဖီဖျော်သောက်ရန်ပြင်သည်။ထို့နောက်မုန့်ထည့်ထားတဲ့ဗီဒိုလေးအားဖွင့်ကာအသင့်စားမုန့်နှစ်ထုပ်ယူလိုက်သည်။ရေနွေးအိုးတက်တော့ဖန်ခွက်ထဲကော်ဖီမှုန်များထည့်ပီး ရေနွေးကိုလောင်းထည့်လိုက်သည်။ရေနွေးထည့်နေတုန်းပင် ကျောမလုံသလိုဖြစ်လာတာကြောင့်လှည့်ကြည့်လိုက်တော့အပေါက်ဝတွင်ရပ်နေသည်မုန်းမာန်။
YOU ARE READING
Make A Wish(System)(Completed)
FantasyAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...
