<Unicode>
စဝင်လာကတည်းကသူ့ကိုဖဲ့နေသည်မို့စတီဗင်စိတ်ကမကြည်တော့ပေ။"အော် ကိုယ်ကရုပ်ရည်နဲ့လုပ်စားတဲ့သူမဟုတော့သိပ်ပီးမထိန်းသိမ်းဖြစ်ဘူးလေ"
"ဘာ!"
"ထိုင်ပါအုံး ဘာကိစ္စများရှိလို့လဲ"
လူဟန်ကသူ့ကိုမတူမတန်သလိုကြည့်ကာ...
"ခဗျားကိုကိုနဲ့ကွာရှင်းပေး"
"မင်းကဘာမို့လို့ ဒီစကားမျိုးလာပြောနေတာလဲ!"
"ငါကကိုကို့အရင်ခင်ပွန်းလေ"
"ကိုယ်ကလဲအခုသူနဲ့တရားဝင်လူသိရှင်ကြားလက်ထပ်ထားတဲ့သူ ကိုယ်သိတာတော့မင်းကငွေကြောင့်ဇင်းအပေါ်ဖောက်ပြန်ခဲ့တာဆို"
"တောက်စ်!ခဗျားနဲ့မဆိုင်ဘူး ကိုကိုနဲ့သာကွာရှင်းပေးစမ်းပါ"
"ကိုယ်ကမလုပ်ဘူးဆိုရင်ရော"
"ဟက်!ကိုကိုကခဗျားကိုချစ်လို့ယူခဲ့တာမဟုဘူး ကျနော့်ကိုတမင်သဝန်တိုအောင်ခဗျားကိုအသုံးချနေတာ"
စားပွဲအောက်ကစတီဗင်ရဲ့လက်များကတုန်သွားသည်။
"ကိုကိုငါ့ကိုဘယ်လောက်ချစ်လဲခဗျားလဲသိထားလောက်မှာပါ ခဗျားလိုဘာမှဆွဲဆောင်မှုမရှိတဲ့betaတစ်ယောက်ကို,ကိုကိုကဘယ်နှနှစ်ကြာအောင်ပေါင်းနိုင်မှာလဲ အချိန်တန်ရင်ငါ့ဆီပဲပြန်ရောက်လာမှာ"
စတီဗင်ထိုစကားများကြောင့်တုန်လှုပ်သွားပေမယ့်ဇင်းပြောခဲ့ဖူးတဲ့စကားလေးတစ်ခွန်းကိုပြန်ကြားယောင်လိုက်သည်။
'မောင်ချစ်တာမင်းကို မင်းကိုပဲ'
*မောင်ချစ်တာငါ့ကို!*
"အဟက်!ဒီမှာကောင်လေး မင်းက ကိုယ့်ကိုအရမ်းအထင်သေးတာပဲ ယူထားတာ၁လပဲရှိသေးတယ်ဆိုပေမယ့်သူဘယ်လိုလူမျိုးလဲ ကိုယ်ထပ်မင်းကပိုသိမယ်ထင်နေတာလား မောင်ကကိုယ့်ကိုပဲချစ်တာ မင်းကိုစိတ်ထဲတောင်ရှိမနေတော့ဘူး"
"ခဗျား သေချာပြောနိုင်လို့လား သူကကျနော်ကိုကျော်ပီး ခဗျားကိုပဲရွေးမယ်ဆိုတာလေ ကျနော်ကဆွဲဆောင်မှုရှိတယ် သူ့ကိုအိပ်ယာပေါ်မှာကျေနပ်အောင်လုပ်ပေးနိုင်တယ် နောက်ပီးခဗျားမှာမရှိတဲ့အရာလဲ ကျနော်မှာရှိတယ် ကျနော်ကသူ့အတွက်ရင်သွေးလွယ်ပေးနိုင်တယ်နော်"
ВЫ ЧИТАЕТЕ
Make A Wish(System)(Completed)
ФэнтезиAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...