real life 13

10.1K 544 9
                                        

<Unicode>
"အချစ်"

"ဟင် မောင်"

"Jက..."

"Jကထူးဆန်းနေတယ် ပီးတော့ငါဘာလို့မသတ်ခိုင်းခဲ့တာလဲသိချင်နေတာမလား"

"အင်း"

"မောင်ကရိုးချင်တဲ့နေရာကျရိုးသွားပြန်ပီ တတ်ချင်ရင်လဲသူ့အပြင်မရှိဘူး"

"အချစ်ကလဲ"

"မောင်သတိထားမိလား Jရဲ့ပုံစံကို"

"အင်း Jပုံစံကနည်းနည်းထူးဆန်းနေသလိုပဲ"

"ထူးကိုထူးဆန်းနေတာမောင်ရေ Jကချစ်မိသွားတာ"

"ဘာ!!အချစ်ကိုလား!အဲ့ခွေးသား ငါနဲ့တွေ့မယ်!!!"

ထအော်လိုက်တာများချီထားတဲ့ဒီးဒီတောင်လန့်ပီးတုန်တက်သွားတာကြောင့်ရင်ဘတ်ကိုအသာလေးဖိပေးကာ တည်မြဲအားဗိုက်ခေါက်ကြောလိမ်ဆွဲလိုက်ရင်း....

"မောင်လုပ်တာကလေးလန့်သွားပီ!"

"အ့!အ့!နာတယ် အချစ်ရဲ့"

"နာပါစေ ဘာမှန်းမသိဘူး!ငါဖြစ်စရာလား သူနဲ့ငါကညီကိုလိုခင်တာ!"

"မသိဘူးလေ မောင်ကအချစ်ထင်လို့ဒေါသထွက်သွားတာ ဒါဆိုဘယ်သူလဲအချစ်ရဲ့"

"ဘယ်သူရှိရမှာလဲ ဟိုရဲလေးလေ"

"ဟမ်?ဟုလို့လား"

"အင်းဆို နောက်ဆုံးတော့ရေခဲတုံးကြီးအရည်ပျော်သွားအောင်လုပ်နိုင်တဲ့သူပေါ်လာပီ ဟီးဟီး"

"အချစ်ကသဘောကျနေတာလား"

"ဒါပေါ့ ငါ့မှာငါကောင်းကောင်းဆိုးဆိုးချစ်ပေးမယ့်ချစ်သူရှိတယ် သူ့ကိုလဲသူ့ဘဝတစ်လျှောက်လုံးချစ်ပေးမယ့်လက်တွဲဖော်လေးအမြန်ရှာတွေ့စေချင်နေတာ"

"သူတို့ကဖြစ်နိုင်ပါ့မလား သူကJကိုချစ်မချစ်မသိနိုင်ဘူးလေ"

"Jရဲ့အချစ်ကသာစစ်မှန်နေရင် သူ့အလိုလိုအဆင်ပြေသွားမှာပါ ငါနဲ့မောင်လိုပေါ့"

"ဟုတ်ပါပီဗျာ"

"ချစ်တယ်မောင်"

"မောင်လဲသိပ်ချစ်တယ်"

နှစ်ယောက်သားနှုတ်ခမ်းချင်းထိကပ်လို့မွတ်သိပ်စွာအနမ်းများဖလှယ်နေသည်ကိုအောက်ဒီးဒီကတော့ တပြွတ်စ်ပြွတ်စ်နဲ့ကြားနေရတဲ့အသံများကြောင့်ပါးလေးတွေရဲတက်လာတော့သည်။

Make A Wish(System)(Completed)Donde viven las historias. Descúbrelo ahora