<Unicode>
"မင်းတို့ညီအကိုတေ သင့်သင့်မြတ်မြတ်နေကြ ငါသွားတော့မယ်"လေဆိပ်သို့ဖခင်ဖြစ်သူကိုနှစ်ယောက်သားလိုက်ပို့ကာနှုတ်ဆက်လိုက်ကြပီးအိမ်သို့ပြန်လာကြသည်။ခနနေတော့ရှေ့နေကြီးရောက်လာသည်။
"ကဲ လုပ်ငန်းစုတေလွဲပြောင်းကြောင်းစာချုပ်မှာလက်မှတ်ထိုးပေးပါ"
"ခနလေး စာချုပ်မှာဘယ်သူ့နာမည်ထည့်ထားတာလဲ"
ဟခုကမေးလိုက်တော့.....
"ဟခုစန်ရဲ့နာမည်ပါ"
"အဲ့အစားဂင်းရဲ့နာမည်ပြောင်းထည့်ပေးပါ"
ရှေ့နေရောဂင်းပါကြောင်အသွားပီး....
"ဟခုမင်းတကယ်ဆေးမှားသောက်ထားတာလား"
"ဘာလဲ ဒါတေကတစ်ချိန်မင်းရဲ့ပိုင်ဆိုင်မှုတေပဲဖြစ်လာမှာလေ ခုကတည်းကပြောင်းထည့်ထားတော့နောက်တစ်ခါအလုပ်မရှုပ်တော့ဘူးပေါ့"
"ဟက်!မင်းကစိတ်ကောင်းဝင်ချင်ယောင်ဆောင်နေတာပဲ"
ဟခုဘာမှပြန်ပြောမနေတော့ပဲပိုင်ဆိုင်သူနေရာမှာဂင်းရဲနာမည်ကိုထည့်ကာ သူကတော့ခေတ္တဦးစီးသူနာမည်ဖြင့်လက်မှတ်ထိုးလိုက်တော့သည်။အားလုံးပီးနောက် ရှေ့နေပြန်သွားတော့ဟခုက...
"နောက်နေ့ကစပီးကျောင်းသွားကျောင်းပြန်ကိုယ်လိုက်ပို့လိုက်ကြိုမယ်"
"ဘာ!!!"
"မင်းအသုံးစရိတ်ကိုလဲ ကိုယ်ပဲစီမံပေးမှာမို့လို့ဘဏ်ကဒ်တေကိုမင်းစိတ်ကြိုက်သုံးခွင့်မရှိဘူး"
"မင်းတမင်လုပ်တာမလား!ဟက် ထင်ပါတယ်အစကတည်းကသဘောကောင်းချင်ယောင်ဆောင်ပီးငါ့ကိုဖိနှိပ်ချင်နေတာမလား!"
"ကိုယ်ဒါတေလုပ်နေတာ မင်းကိုကာကွယ်ဖို့ပဲ"
"တော်စမ်းပါ!သူတော်ကောင်းယောင်ဆောင်မနေနဲ့!ငါကဘာဖြစ်နေလို့မင်းကဘာကိုကာကွယ်မှာလဲ ပြောလေ!"
"ဒီတိုင်းပဲသိထားပါ ကိုယ်သွားနားတော့မယ် မင်းလဲသွားနားတော့ ကားဂိုထောင်သော့ကကိုယ့်ဆီမှာ မင်းသွားစရာရှိရင်ကိုယ့်ကိုခွင့်တောင်းပီးမှသွား"
YOU ARE READING
Make A Wish(System)(Completed)
FantasyAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...