<Unicode>
တောရွာလေးတစ်ခုတွင်အဖွားအိုတစ်ယောက်ကအိမ်ရှေ့ကွပ်ပျစ်မှာထိုင်၍အတွေးလွန်နေသည်။ထိုအချိန်ခြံထဲဝင်ရောက်လာတဲ့ဘုရင့်မြင်းစစ်သည်တော်တေကြောင့်လန့်သွားတော့သည်။ထိုနောက်ဝတ်ရုံအဖြူနဲ့လူကမြင်းပေါ်ကနေဆင်းလာကာ......."အထိန်းတော်ရီ ငါကိုယ်ကိုမမှတ်မိဘူးလား"
"မင်း မင်းကြီး ဒီအဖွားအိုရိုင်းပြမိပါတယ်!"
ထိုအဖွားအိုကအလျင်မြန်အရိုသေပေးကာ...
"မင်းကြီးကိုယ်တိုင်ကြွလာတာ ဘာအရးကြီးကိစ္စများရှိလို့ပါသလဲ"
"အထိန်းတော်ရီ သင်ကိုယ်တော်ရဲ့မယ်တော်ဆီမှာအလုပ်ကျွေးပြုလာတာဘယ်နှနှစ်လဲ"
"နှစ် နှစ်ဆယ့်ငါးနှစ်ပါ"
"ဒါဆို ကိုယ်တော်မမွေးခင်ကအကြောင်းတေကိုသိဖို့တော်တာ်လုံလောက်တဲ့အချိန်ပဲပေါ့"
"ရှင်"
"ကိုယ်တော်သိချင်တာက ခမည်းတော်နတ်ရွာစံတာနဲ့ပက်တ်ပီးအကြောင်းရာအားလုံးသိချင်တယ်"
"အဲ့ အဲ့တာကဒီအဖွားကြီး မ မသိပါဘူးမင်းကြီး"
"သင်နန်းတွင်းမှာ၂၅နှစ်နေခဲ့တာကို ဘာမှမသိခဲ့ဘူးလို့ပြောချင်နေတာလား"
"ဒီ ဒီအဖွားကြီးကအသက်လဲကြီးပါပီမင်းကြီး မှတ်ဥဏ်တေကလဲပျက်ယွင်းနေတော့မမှတ်မိတာပါ"
မူမမှန်တဲ့မျက်နှာအနေထားကြောင့်သူမ,တစ်ခုခုသိထားတယ်ဆိုတာသေချာနေသည်။ဘယ်လိုမေးမေး မသိဘူးဟုသာငြင်းဆန်နေတာကြောင့်မတတ်နိုင်တဲ့အဆုံး နောက်ကလူတေကိုအချက်ပြလိုက်တော့....
"ဖွားဖွား!"
"မြေးလေး!"
ဝတ်ရုံအနက်နဲ့လူနှစ်ယောက်ကသူမရဲ့မြေးကိုဖမ်းချုပ်ကာလည်ပင်းကိုဓားနဲ့ထောက်ထားတာကြောင့်အထိန်းတော်ရီမှာတုန်လှုပ်လာသည်။
"အထိန်းတော်ရီ သင့်ရဲ့သစ္စာစောင့်သိမှုကိုငါကိုယ်တော်ချီးကျူးပါတယ် အဲ့တော့သင်ရွေးပါ သင့်မြေးရဲ့အသက်လား သင့်ရဲ့သစ္စာတရားလား"
"မင်း မင်းကြီး ကျနော်မျိုးမ,မသိ..."
"အား"
YOU ARE READING
Make A Wish(System)(Completed)
FantasyAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...