<Unicode>
အခုဘာတေဖြစ်နေတာလဲ...ဘာတေဖြစ်ကုန်တာလဲ....ဒါကြီးကမဟုတ်သေးဘူး...။မုန်းမာန်ကဇာတ်လိုက်မကိုမကြိုက်ပဲဘာလို့သူလဲ။ဒါမှမဟုတ် ဇာတ်လိုက်မနားမကပ်အောင် သူ့ရဲ့လုပ်ဇာတ်တစ်ခုများလား။သို့ပေမယ့်သူကခွင့်ပြုပေးထားတယ်လေ အဲ့လိုလုပ်စရာလိုသေးလို့လား။စဉ်းစားလေခေါင်းခြောက်လေမို့သူ့မှာခေါင်းတောင်မူးလာသလိုပင်။ခနနေတော့ မုန်းမာန်ကလက်ထဲမှာအထုပ်တေနဲ့ပြန်ဝင်လာသည်။
"deliလာပို့တာတဲ့ မင်းမှားတာလား"
"အင်း"
အိတ်ထဲကစားစရာများကိုထုတ်ကာသေချာပြင်ပေးနေတဲ့မုန်းမာန်ကိုသူအတော်ကြာအောင်ကြည့်နေမိသည်။ထိုလူဘာတေကြံစည်နေတာလဲ....ပီးတော့ သူ့ကိုခေါ်တဲ့နာမ်စားလေ သူ့ရဲ့အချစ်ဦးလို့မခေါ်နိုင်တဲ့အချစ်ဦးလေးတစ်ယောက်ထဲသာခေါ်ခဲ့ဖူးတဲ့အဲ့နာမ်စားလေး။မုန်းမာန်ကသူ့ကိုအဲ့လိုခေါ်လိုက်တဲ့အချိန် ရင်ထဲဒိန်းကနဲ။သူ့ကိုယ်သူပင်လန့်သွားသည် သူဟာgayတစ်ယောက်ဖြစ်သွားပီး တွေ့သမျှယောက်ျားကိုရင်ခုန်နေခြင်းများလားပေါ့။အဲ့လိုမဟုတ်တာလဲသူ့ကိုယ်သူသေချာတယ် တခြားယောက်ျားတေနဲ့ပြောဆိုဆက်ဆံရင်သူ့စိတ်ကပုံမှန်ပါပဲ။ဘာလို့ဒီလူနဲ့ကြမှ....။
••••••••••••••••
ခွန်နဒ္ဒ အပင်ကြီးတစ်ပင်အောက်တွင်ထိုင်ကာ ကောင်းကင်ကိုမေ့ကြည့်နေသည်။
"မောင်"
ခေါ်သံလေးကြောင့်ဘေးသို့ငဲ့စောင်းကြည့်မိတော့..
"ဓူဝံ!"
အနက်ရောင်ဝတ်စုံလေးနဲ့ဓူဝံကသူ့မူပိုင်အပြုံးလေးဖြစ်တဲ့ ပါးချိုင့်လေးနှစ်ဖက်ကိုထင်းနေအောင်ပြုံးပြလာသည်။ခွန်နဒ္ဒမတ်တပ်ရပ်ကာဓူဝံအနားသွားရန်အလုပ်ဓူဝံကရုတ်တရက်ပျောက်သွားတော့သည်။
"ဓူဝံ!ဓူဝံ မင်းဘယ်မှာလဲ!"
"မောင်~~"
အနောက်ပါးမှခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့သွေးတေစွန်းထင်းနေကာ မျက်ရည်လေးတေစီးကျနေတဲ့ဓူဝံ။ခွန်နဒ္ဒပြေးသွားပြန်တော့ ထပ်ပျောက်သွားပြန်သည်။

ВЫ ЧИТАЕТЕ
Make A Wish(System)(Completed)
ФэнтезиAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...