<Unicode>
သူစားလို့ပီးတော့အငယ်ကောင်လေးကပန်းကန်ကိုလာသိမ်းပေးကာထွက်သွားလေသည်။"ခဗျားရဲ့ဝေစုကိုစားလိုက်မိလို့တောင်းပန်ပါတယ်"
"ကိစ္စမရှိပါဘူး ငါမပေးရင်ငါ့ညီပေးရမှာလေ ငါကဘာမှမစားပဲရေသောက်ရလဲဖြစ်တယ် ငါ့ညီကကျန်းမာရေးချူချာတယ် ငါတို့မှာမိဘမရှိတော့သူ့ကိုငါကပဲအဖေလိုအကိုလိုစောက်ရှောင့်ရမှာ"
"ခဗျားကအကိုကောင်းတစ်ယောက်ပါ"
သူပြောလိုက်တော့ထိုလူကပြုံးသွားသည်။
"ကျနော့်နာမည်ရှယ့်ယန်ပါ"
"ငါကချင်းမု ငါ့ညီကချင်းလု စောနကတစ်ယောက်ကငါတို့ရဲ့ခေါင်းဆောင်ရှောင်းချီ နောက်ထပ်အဖွဲ့သားတေလဲရှိသေးတယ် ငါတို့အားလုံးကမိဘမဲ့တေကြီးပဲ"
"ကျနော်ကမိထွေးနဲ့နေတာ အဖေကလဲပိုက်ဆံကလွဲရင်ဘာမှဂရုမစိုက်ဘူး ခဗျားတို့ခေါင်းဆောင်ကကျနော်ပြောတာကိုနားမထောင်ဘူးဗျ သူတို့ကကျနော့်ကိုလာရွေးကြမှာမဟုဘူး"
"မင်းအဖေမှာဒီသားတစ်ယောက်ပဲရှိတာကိုမင်းကိုလာမရွေးဘူးဆိုတာမဖြစ်နိုင်ဘူးနော်"
"မိထွေးကသူ့ကိုပြောပြမှာမဟုဘူး သူကကျနော့်ကိုပထုတ်ချင်နေတာ"
ထိုအခါချင်းမုကခနလောက်စဉ်းစားပီး...
"အဲ့တာအမှန်ဟုတ်မဟုတ် မနက်ဖြန်ကြရင်သိရမှာပါ"
ထို့နောက်အခန်းထဲကထွက်သွားတော့သည်။ရှယ့်ယန်အခန်းထဲတွင်တစ်ယောက်ထဲကျန်နေခဲ့ကာ နေရာအားစူးစမ်းကြည့်လိုက်သည်။လူသူမနေတော့တဲ့တိုက်ပျက်ကြီးတစ်ခုဖြစ်ကြောင်း အုတ်နံရံတေမှာတက်နေတဲ့ရေညှိတေကသက်သေပင်။အခန်းထဲတွင်အိပ်ရာခင်းလေးတစ်ခုနဲ့ရေချိုးခန်းနဲ့အိမ်သာလေးတစ်ခုသာရှိပီး အခြားထွေထွေထူးထူးရှိမနေ။ဘေးပတ်ဝန်းကျင်မှာပဲမြက်ပင်တေပေါင်းပင်တေကတောကြီးသဖွယ်ပေါက်ရောက်နေသည်။ခြင်တေလဲများပီး အနံသက်လဲမကောင်း ထိုလူတေဒီလိုနေရာမှာဘယ်လိုနေလဲသူလုံးဝမစဉ်းစားနိုင်ပါ။
>>>>>>>>>>>>
နောက်တစ်နေ့......
ရှောင်းချီမနေ့ကအချိန်နဲ့နေရာကိုပါဖုန်းနဲ့ထပ်ပြောလိုက်ပေမယ့် ပြောထားတဲ့အချိန်ကိုကျော်ပီးမွန်းလွဲပိုင်းတောင်ရောက်နေပီဖြစ်သည်။ထိုကြောင့်ဖုန်းထပ်ဆက်လိုက်တော့ စက်ပါပိတ်ထားလေသည်။
ESTÁS LEYENDO
Make A Wish(System)(Completed)
FantasíaAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...