ခွန်နဒ္ဒ(Arc -1.6)

11.2K 842 7
                                    

<Unicode>
"Boss ဒါ bossတောင်းထားတဲ့အချက်လက်တေပါ ဒါက USBပါ"

"ကျေးဇူးပဲ သွားလို့ရပီ"

"ဟုတ်ကဲ့"

ခွန်နဒ္ဒ အချက်လက်တေကိုဖတ်ကာ USBကိုကွန်ပျူတာနဲ့ချိတ်ကာဖွင့်လိုက်တော့ပေါ်လာတဲ့cctv recordများ။ဖိုင်တစ်ခုပီးတစ်ခုကိုလိုက်ဖွင့်ကြည့်ရင် တစ်နေရာအရောက်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်သူမျက်လုံးပြူးသွားသည်။

ရွှေယမင်းကမပေါ်ရုံတမယ်အဝတ်စားတေနဲ့ယောက်ျားတစ်ယောက်နဲ့အခန်းထဲဝင်သွားသည်။ရုံးမှာဆိုစကပ်တောင်ဒူးအောက်သာဝတ်တဲ့သူမက ကိုယ်ကျပ်ဂါဝန်ကိုဖင်ပေါ်မတတ်ဝတ်ထားကာ ပြည့်တင်းနေတဲ့ရင်ဘတ်တေတောင်ပေါ်လုမတတ်။အမှတ်တမဲ့ဆို လူမှားတယ်ထင်မိမှာ။သို့သော်နာမည်နဲ့မှတ်ပုံတင်ကသူဆိုတာကိုငြင်းမရပေ။စက်ခရင်မှာပေါ်နေတဲ့dateအရလွန်ခဲ့တဲ့၃လလောက်ထဲကပင်။ကြည့်ရတာ တစ်ပတ်တစ်ခါလောက်ထိုဟော်တယ်ကိုလာကြသည်။ဒီကြားထဲမှာလက်တောင်မကိုင်တဲ့ခွန်နဒ္ဒကလူcow(လူကောင်း)ပေါ့။​ဟော်တယ်ခန်းထဲအတူဝင်သွားတဲ့ယောက်ျားလေးတေကသာပြောင်းသွားတယ် ရွှေယမင်းကတော့မပြောင်းမလဲ။

(hostရေ!ပျားတုပ်ပီဗျ!)

(ဗျားတုပ်တာဆေးခန်းသွားလေဒီးဒီရာ ငါအလုပ်ရှုပ်နေတယ်)

(မဟုဘူးလေhostရဲ့ ဇာတ်လိုက်မကိုမာန်းမာန်ဖမ်းခေါ်သွားပီ)

(ဟမ်! ဘယ်ကိုလဲ)

(xxxကခြံကို အဲ့ခြံကမုန်းမာန်ပိုင်တာ)

ခွန်နဒ္ဒ ကားသော့ဆွဲကာဒီးဒီပြောတဲ့လိပ်စာအတိုင်းပြေးရတော့သည်။နာရီဝက်အကြာမောင်းနှင်ပီးတော့ လိပ်စာထဲကခြံကိုရောက်လာသည်။နှစ်ထပ်တိုက်အိမ်လေးနဲ့ခြံအကျယ်ကြီးဖြစ်ပီး ခြံတံခါးကဖွင့်ထားတာကြောင့်သူ့ကားကိုခြံထဲတွင်ရပ်ပီးဆင်းလိုက်သည်။

အိမ်ထဲဝင်ခါနီးအပေါက်ဝအရောက် အိမ်ထဲမှအော်ဟစ်ငြင်းခုန်သံများကြားလိုက်ရသည်။

"ငါ့ကိုလွှတ်စမ်း!နင်ငါ့ကိုဖမ်းခေါ်လာတာ ကိုသိရင်နင့်ကိုရွံသွားလိမ့်မယ်!"

"*ောက်ဂရုမစိုက်ဘူးရှင်းလား!"

ခွန်နဒ္ဒအိမ်ထဲကိုအလျင်စလိုမဝင်သွားသေးပဲ အသာချောင်းကြည့်ကာအခြေနေကိုအကဲခတ်နေသည်။ရွှေယမင်းကဧည့်ခန်းတွင်ကုလားထိုင်ပေါ်ထိုင်ရက်သားကြိုးတုပ်ခံထားရပီး မုန်းမာန်ကသူ့ရှေ့တွင်မတ်တပ်ရပ်နေသည်။

Make A Wish(System)(Completed)Where stories live. Discover now