ရှယ့်ယန်(Arc -3.3)

8.6K 721 3
                                    

<Unicode>
ညသန်းခေါင်တွင်.....

"ရှယ့်ယန်ကော ရှယ့်ယန်ကော"

ရှယ့်ယန်နားထဲတွင်သူ့နာမည်ကိုခေါ်တဲ့အသံသဲ့သဲ့လေးကြားတာကြောင့်ထကြည့်လိုက်တော့သူ့ခြေရင်းမှာထိုင်နေတဲ့ကောင်မလေးတစ်ယောက်။

"သရဲ...အု..အု"

အော်လုဆဲဆဲတွင်ထိုကောင်မလေးကသူ့ပါးစပ်ကိုလာအုပ်ကာတိတ်တိတ်နေရန်အမူယာလုပ်ပြလေသည်။

"ကျမရှင့်ကိုလာကူညီတာ လာ ကျမနောက်လိုက်ခဲ့"

"မလိုက်ပါဘူး"

"ရှင်စိတ်မပူနဲ့ ကျမရှင့်ကိုလွတ်အောင်ကူညီပေးပါ့မယ်"

*အော် ဇာတ်လိုက်မပဲ*

"ရတယ် မလိုက်ဘူး ကိုယ်ဒီမှာပဲနေမှာ"

"ရှင်ကြောက်နေစရာမလိုတော့ပါဘူး သူတို့အကုန်လုံးအိပ်နေကြပီ ရှင်ထွက်သွားလို့ရအောင်ကျမကူညီပေးမှာ လာ"

သူ့လက်ကိုဆွဲကာခေါ်နေတဲ့မိန်းကလေးကြောင့်အသာရုန်းလိုက်ပီး......

"ရတယ် မသွားဘူး ငါဒီမှာပဲမင်းတို့နဲ့အတူနေမှာ မင်းစေတနာအတွက်ကျေးဇူးပါ ဒါပေမယ့်ငါ့အတွက်မလိုဘူး မင်းပြန်တော့ တော်ကြာတစ်ခြားသူတေရောက်လာရက်မင်းအတွက်မကောင်းဘူး"

ထိုအခါမိန်းကလေးကပြုံးလိုက်ပီး.....

"ရှင်ကတကယ်ကောင်းတဲ့သူပါ ရှင်ထွက်သွားချင်တဲ့အခါကျမဆီလာခဲ့ပါ ကျမအချိန်မရွေးကူညီပါ့မယ် ကျမနာမည်က ယီဇီပါ"

"အင်း ယီဇီ စေတနာအတွက်ကျေးဇူးပါ"

*မလိုပါဘူးရှယ့်ယန့် ရှင့်အတွက်ပဲလေ*

ထိုစကားကိုသူမစိတ်ထဲကနေသာပြောလိုက်ပီးအခန်းထဲကထွက်သွားတော့သည်။

°°°°°°°°°°°°°°°°°°°

နောက်တစ်နေ့.....

ရှယ့်ယန်၊ရှောင်းချီ၊ချင်းမုတို့ညီအကိုနှင့်နောက်ထပ်၆ယောက် စုစုပေါင်း၁၀ယောက်ကရှယ့်ယန်အိမ်သို့တိတ်တိတ်ကလေးဝင်လာကြသည်။အိမ်ထဲကအစောင့်တေလူချိန်းတဲ့အချိန်မှာအသာလေး ခိုးဝင်လိုက်ကြပီး ထမင်းစားခန်းဆီသို့ဦးတည်သွားကြသည်။ထမင်းစားပွဲထိပ်မှာထိုင်နေတဲ့ရှယ့်ယန်ဖခင်ကသူ့သားပျောက်တာတောင်မသိပဲ အေးအေးလူလူညစာစားနေသည်။မိထွေးဖြစ်သူရိရင်းကလဲ အပြုံးကြီးပါးစပ်မှာချိတ်လို့ သိပ်ပျော်နေသေးသည်။

Make A Wish(System)(Completed)Where stories live. Discover now