<Unicode>
"သားစတီဗင် လာအိမ်ထဲဝင် သားရေ! ဒီမှာသားစတီဗင်ရောက်လာပီ ဆင်းလာပါအုံးကွယ်!"ဇင်းသူ့မိခင်ရဲ့အော်ခေါ်သံကြောင့်မှန်ရှေ့ကနေထကာအမြန်အောက်ဆင်းလိုက်သည်။အောက်ထပ်ကဧည့်ခန်းသို့ဝင်လိုက်သည်နှင့်ဆိုဖာပေါ်တွင်ထိုင်နေတဲ့ကောင်လေးကသူ့ကိုလှည့်ကြည့်လာသည်။မျက်ခုံးတန်းတန်း၊နှာတံဆင်းဆင်းနဲ့ ချောတယ်လဲမဟုတ်၊လှတယ်လဲမဟုတ်ပဲ ကြည့်ကောင်းလွန်းတဲ့သူဖြစ်သည်။ဇင်းပြုံးပြလိုက်တော့ထိုလူကလဲပါးချိုင့်လေးတေပေါ်သည်အထိပြန်ပြုံးပြလေသည်။
*မောင်ထင်သားပဲ မင်းပဲဖြစ်မယ်ဆိုတာ*
"သားလေး ဒါကစတီဗင်တဲ့ STကုမ္မဏီကိုဦးစီးနေတဲ့သူလေ"
"တွေ့ရတာဝမ်းသာပါတယ် ကိုယ်ကဇင်းပါ"
ဇင်းလက်ဆွဲနှုတ်ဆက်ရန်လက်ကမ်းလိုက်တော့စတီဗင်ကလဲပြန်လည်နှုတ်ဆက်သည်။ဇင်းသွားကြီးစိပီးရယ်ပြနေကာလက်ကိုတော်တော်နဲ့မလွှတ်တာကြောင့်..
"လက် လက်ကိုလွှတ်တော့လေ"
"အာ sry"
သူတို့သားရဲ့ပုံစံကိုကြည့်ပီးMr.နေသန်တို့လင်မယားကပြုံးစိစိနဲ့ပင်။
"ကဲ ထမင်းပြင်လို့ပီးပီထင်တယ် မေမေတို့သွားရအောင်သားလေး"
"ဟုတ် စတီဗင်လာကိုယ်ထမင်းစားခန်းလိုက်ပြမယ်"
လက်ကိုဆွဲကာရှေ့ကနေကော့ကော့နဲ့ထွက်သွားဇင်းနောက်ကိုစတီဗင်ကြောင်တောင်တောင်ကြီးပါသွားတော့သည်။
"ဒါလေးစားလို့ကောင်းတယ် စားကြည့်"
"ရပါပီ ဇင်း"
စတီဗင်ပန်းကန်ထဲတွင်ထမင်းမမြင်ရပဲဟင်းတေသာအပုံလိုက်ဖြစ်သည်အထိဇင်ကတစ်ခုပီးတစ်ခုလာထည့်ပေးနေတာကြောင့် စတီဗင်တားလိုက်ရတော့သည်။Mr.နေသန်တို့လင်မယားကတော့သူတို့သားလုပ်သမျှကိုပြုံးပြုံးကြီးသာကြည့်နေကြသည်။
>>>>>>>>
"မေမေ သား စတီဗင်ကိုခြံထဲလမ်းလျှောက်ဖို့ခေါ်သွားလိုက်အုံးမယ်နော်"
"အင်း အင်း ခနနေအချိုပွဲစားဖို့ခေါ်လိုက်မယ်နော်"
"ဟုတ် လာစတီဗင်"
YOU ARE READING
Make A Wish(System)(Completed)
FantasyAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...