<Unicode>
တရားဝင်ခွင့်ပြုချက်ရသွားတဲ့နှစ်ယောက်ဟာ အရင်ကထက်ပို၍ချိန်းတွေ့လာကြသလို ရွာထဲမှာလဲပေါ်ပေါ်ထင်ထင်တွဲသွားတတ်ကြသည်။ဆရာတော်ဘုရားကိုယ်တိုင်ကသဘောတူထားတာမို့ ရွာထဲကသူတေကလဲသူတို့ကိုပုံမှန်အတိုင်းဆက်ဆံပေမယ့် လူတစ်ချို့ကတော့ရွံ့ရှာသလိုကြည့်တတ်ကြသည်။သို့ပေမယ့်သူတို့ကဂရုမစိုက် လူရှေ့လဲချစ်ပြသလို လူကွယ်ရာမှာလဲအချစ်မပြယ်ဘူး။နှစ်ဦးသားအတူပေါင်းစည်းရဖိုအတွက်ပဲ သီတင်းကျွတ်လရောက်ရန်လက်ချိုးရေနေတတ်ကြသည်။ရွာနှစ်ပိုင်းကလဲအရင်ကလောက်မတင်းကြပ်တော့သလို သူကြီးနှစ်ယောက်ကတောင်ပွဲလမ်းသဘင်တေအတူတကွကျင်းပပေးတာတေပါလုပ်လာသည်အထိအဆင်ပြေလာသည်။"သား ရေကြည်ရေ ခနလာပါအုံး"
"ဟုတ်အမေ ဘာခိုင်းမလို့လဲ"
"အဲ့မှာ ပဲလေးတေသွားဆေးပေးပါအုံး ပဲကပ်ကြော်ကြော်ပေးမလို့"
"ပဲကပ်ကြော်လား မောင်ကပဲကပ်ကြော်အရမ်းကြိုက်တာ မောင့်အတွက်ယူသွားပေးလို့ရလား"
"အမလေးအေ ငါကငါ့ယောက်ျားစားဖို့ကြော်ပေးမလို့ဟာကို သွားဆေးသွား! သပ်သပ်ကြော်ပေးမယ်"
"ဟီး အာ့ကြောင့်အမေ့ကိုချစ်တာ မွ"
ရေကြည် ပဲထည့်ထားတဲ့ဇလုံးကိုရေစည်ရှိရာသို့ယူလာကာထိုင်ဆေးနေတော့သည်။ပါးစပ်ကလဲသီချင်းလေးတညဉ်းညဉ်းဖြင့်သာ....
🎶အားကိုးထိုက်တဲ့မောင်ရေ ကိုယ်ချစ်တယ်
မိဘထက်ပိုတောင်ပိုသေးတယ်🎶
ဂလွမ်!
"ဘာမိဘထက်ပိုတာလဲ!ဘာမိဘထက်ပိုတာလဲ!"
ဦးကြည်အေးကနောက်ကနေဇလုံဖြင့်ခေါက်လိုက်ခြင်းသာ..
"အဖေ!သီးချင်းလေးဆိုတာကိုဗျာ"
"မင်းနော်မင်း ကြည့်လုပ်!သိပ်မျက်စိနောက်လာရင်အိမ်ပေါ်ကနှင်ချပစ်မှာ!ရော့ မင်းအမေကဒါပါဆေးတဲ့"
လက်ထဲကဇလုံးကိုရှေ့မှာချပေးပီးထွက်သွားတော့သည်။ရေကြည်နာသွားတဲ့ခေါင်းကိုပွတ်ကာ ထပ်ပေးသွားတဲ့ပဲတေကိုသေချာထိုင်ဆေးလိုက်တော့သည်။
ВЫ ЧИТАЕТЕ
Make A Wish(System)(Completed)
ФэнтезиAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...