<Unicode>
*ရွှေရိုးလို့ပဲသုံးပါတော့မယ်*ရွှေရိုးရွာလယ်ကဘုန်းကြီးကျောင်းကိုခြေလှမ်းသွက်သွက်နဲ့လျှောက်သွားလိုက်တော့ကျောင်းရှေ့တွင်ဆရာတော်ကကြိမ်လုံးကြီးကိုင်ကာ ရှေ့မှာထိုင်နေတဲ့ကောင်လေးသုံးယောက်ကိုဆူနေသည်။
"ဘယ်နှယ့်ကွာ ဘုန်းကြီးကျောင်းထဲကပိန္နဲသီးများခိုးရတယ်လို့!"
"ကျောင်းထဲကမဟုပါဘူးဘုရား ကျောင်းအပြင်ကပါ"
"ငါတယ်!"
အလယ်ကကောင်လေးကလက်အုပ်လေးချီကာဗက်ကနဲပန့ပြောတာမို့ဆရာတော်ကပိုလို့ဒေါသထွက်သွားပုံရသည်။တောသူကြီးသားလေးဆိုတဲ့အတိုင်း တိုက်ပုံအကျင်္ီနဲ့ပုဆိုးကိုကတီပါဖိနပ်လေးနဲ့တွဲဝတ်ကာ လည်ပင်းမှာလဲပုဝါရှည်လေးကိုပတ်ထားသေးသည်။အသားကဖြူတယ်လဲမဟု ညိုတယ်လဲမဟုပဲ ဝင်းဝင်းလေး။လက်အုပ်လေးချီထားတဲ့လက်ကလေးရဲ့ လက်ချောင်းသွယ်သွယ်လေးတွင်ရွေလက်စွပ်တစ်ကွင်းကနေရာယူထားသည်။
"သွား!တိုင်ကိုသွားဖက်ထား!"
"ဆရာတော်ဘုရား!"
"အခုမှလာပီး ဆရာတော်ဘုရားမနေနဲ့ သွားဖက်ပီးပုဆိုးလှန်ထား!"
ထိုအခါဘေးကကောင်လေးကိုတံတောင်နဲ့တွတ်ကာ..
"မင်းအရင်သွား"
"အာစိကလဲ အာစီဦးဆောင်တာလေအာစီအရင်သွား"
"ငါ့အဖေနဲ့ပြန်တိုင်လိုက်ရမလား!"
"ရေကြည်!"
"ဗျာ"
"မင်းကဦးဆောင်တာမင်းအရင်လာ"
"ဟိုလေ ဆရာတော်ဘုရား..."
"အချက်ရေတိုးသွားချင်လား မြန်မြန်လာ!"
ထိုကောင်လေးမှာခြေတုန်ချတုန်နဲ့တိုင်လေးကိုဖက်ကာပုဆိုးကိုခြေသလုံးပေါ်ရုံလေးလှန်တင်လိုက်သည်။
ဖြန်း!
"အား နာတယ်ဘုရား!"
ရိုက်တဲ့အားကဘယ်လောက်ပြင်းသလဲဆိုဖြန်းကနဲအသံနဲ့ခြေသလုံးဖြူဖြူလေးမှာအနီရောင်အစင်းကြောင်းကြီးကချက်ချင်းပေါ်လာတော့သည်။ကြည့်နေတဲ့တပည့်နှစ်ယောက်တောင်ကြက်သီးထသည်အထိပင်။ရွှေရိုးကြည့်ကောင်းကောင်းနဲ့ကြည့်နေရင်းထိုကောင်လေးရဲ့အော်သံကြားမှသတိပြန်ကပ်တော့သည်
YOU ARE READING
Make A Wish(System)(Completed)
FantasyAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...