ရှယ့်ယန်(Arc -3.8)(end)

9.4K 749 15
                                    

<Unicode>
ရှောင်းချီဒေါသထွက်နေလို့ထိုသို့ပြောလိုက်ပေမယ့် ရှယ်ယန်ရဲ့သွေးပျက်နေတဲ့ပုံစံကြောင့်စိတ်ပူသွားတော့သည်။သူ့ခေါင်းသူလက်နှစ်ဖက်နဲ့အုပ်ကိုင်ကာ အသည်းသန်ခေါင်းခါနေတဲ့ရှယ့်ယန်ကြောင့် ရှောင်းချီသူပြောလိုက်မိတာမှားသွားမှန်းသိလိုက်ရတော့သည်။

"ရှယ့် ရှယ့်ယန်"

"မမုန်းပါနဲ့!ကိုယ့်ကိုမမုန်းပါနဲ့ကွာ!အားး!!"

"ရှယ့်ယန်!"

ကိုယ့်ခေါင်းကိုယ်ထုကာအော်နေတဲ့ရှယ့်ယန်ရဲ့လက်များကိုလိုက်ဖမ်းနေပေမယ့် သွေးရူးသွေးတန်းနဲ့မို့အားသန်နေတဲ့ရှယ့်ယန်ကိုသူမနိုင်ပါ။ဓူဝံရဲ့အမုန်းစကားကိုturmaဖြစ်နေတဲ့သူ့အဖို့ ထပ်ကြားလိုက်ရတဲ့မုန်းတယ်ဆိုတဲ့စကားကရူးသွက်သွားစေဖို့လုံလောက်ပါသည်။

"ကိုယ့်ကိုမမုန်းတော့အောင် ကိုယ်ဘာလုပ်ပေးရမလဲဟင်!ဟင် ပြောလေ!ကိုယ် ကိုယ်သေရမလားဟင်?"

"မဟုတ်..."

ရှယ့်ယန်ကလှေကားထိပ်တွင်ကျောပေးကာရပ်လိုက်ပီး လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ....

"ကိုယ်သေပေးမယ်နော် မမုန်းလိုက်ပါနဲ့နော်"

"မဟုတ်ဘူး!!!"

ရှယ့်ယန်မျက်လုံးကိုမှိတ်ချလိုက်ပီးနောက်ပြန်လှန်လိုက်ချလေသည်။လှေကားကမတ်တဲ့အပြင်အဆင့်တေလဲများတာမို့ ခုလိုနောက်ပြန်လှန်ချရင်ခေါင်းနဲ့ထိပီးကျမှာမို့ အသက်ကိုအန္တရာယ်ဖြစ်စေမှာမလွဲမသွေ။

သို့သော်ရှယ့်ယန်ကအောက်သို့ပြုတ်ကျမသွားပဲသူ့လက်နှစ်ဖက်ကိုကိုတစ်စုံတစ်ခုကဖမ်းဆွဲထားလေသည်။သူမျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့လက်တစ်ဖက်စီကိုလှမ်းဆွဲထားတဲ့လူနှစ်ယောက်။

"ရှယ်ယန်ကော ယီဇီတောင်းပန်ပါတယ် ယီဇီအမှားတေပါ!"

"မောင် ငါမင်းကိုမမုန်းပါဘူး!"

နောက်ပြန်လန်ကျလုနီးနီးဖြစ်နေတဲ့ရှယ့်ယန်ကိုနှစ်ယောက်သားပြန်ဆွဲတင်လိုက်တော့ ရှောင်းချီကသူ့ကိုလွတ်ထွက်သွားမတတ်ဖက်တွယ်လာတော့သည်။ဒါကိုဘေးကကြည့်နေတဲ့ယီဇီကမျက်ရည်ဝဲနေပေမယ့် နှုတ်ခမ်းကိုတော့ပြုံးနေပါသည်။

Make A Wish(System)(Completed)Where stories live. Discover now