ဂိုဂျွန်း(Arc -4.5)

11.5K 737 1
                                        

<Unicode>
"ခမည်းတော်လိုပဲကိုယ်တော်လဲအသိစိတ်လွတ်ဖူးတယ်"

"အဲ့ဆေးရဲ့ဆိုးကျိုးတွေကသိပ်ကြောက်ဖို့ကောင်းတာ မင်းကြီးရဲ့ဖခင်ကစိတ်ထဖောက်ပီးမိဖုရားခေါင်ကိုခေါင်းဖြတ်သတ်ခဲ့တယ်ပီးတော့သူကိုယ်သူလဲသတ်သေသွားခဲ့တယ် ကျနော်မျိုးမရဲ့မျက်စိရှေ့တည့်တည့်မှာဘုရင်နဲ့မိဖုရားခေါင်သေဆုံးသွားတာကိုမြင်လိုက်ရတဲ့ကျနော်မျိုးမအဖို့အဲ့ဒီမှတ်ဉာဏ်ကခုထက်ထိစွဲထင်နေတုန်းပါ အဲ့ဒီအတိတ်ဆိုးတွေကနေရုန်းထွက်ချင်လို့ နန်းတွင်းကနေထွက်လာပီးဒီတောရွာလေးမှာအပီးပြောင်းနေခဲ့တာပါ"

"အထိန်းရီပြောတာ အကြံပေးအမတ်ကြီးရဲ့သမီးမလား"

"ဟုတ်ပါတယ်မင်းကြီး"

"ကိုယ်တော့ကိုဆေးခပ်တာလဲသူမပဲ ဒါပေမယ့်သူမကအခုအသက်ငယ်ပါသေးတယ်"

"မင်းကြီး အကြံပေးအမတ်ကြီးမှာသမီးနှစ်ယောက်ရှိတာပါ ကျနော်မျိုးမထွက်လာတုန်းကသူရဲ့ဇနီးကဒုတိယသမီးတော်လေးမွေးပီးကာစပဲရှိပါသေးတယ်"

"ပြောပြပေးလို့ကျေးဇူးပါအထိန်းတော်ရီ သင်လဲအပြစ်ရှိတဲ့စိတ်နဲ့နေခဲ့ရမှာပဲ ခုတော့သင့်ကိုယ်သင်အပြစ်ရှိသလိုမခံစားပါနဲ့တော့ သင်ပြောခဲ့တဲ့စကားတိုင်းကငါကိုယ်တော်အတွက်အရမ်းအထောက်ကူဖြစ်စေခဲ့ပါတယ်"

"မင်းကြီးနဲ့မင်းကြီးရဲ့မိဘတွေအပေါ်ကျနော်မျိုးမတာဝန်မကျေခဲ့ပါဘူး ခွင့်လွှတ်ပေးပါ"

"ငါကိုယ်တော်ခွင့်လွှတ်တယ်"

"မင်းကြီးရဲ့မိဘတွေအပေါ်တာဝန်မကျေခဲ့ပေမယ့် မင်းကြီးအပေါ်ကိုတော့ပြန်ပေးဆပ်ပါရစေ ကျနော်မျိုးမကိုလိုအပ်တဲ့အချိန်တိုင်းအကျိုးတော်အတွက်အသုံးချနိုင်ပါတယ်မင်းကြီး"

ဂိုဂျွန်းအသာပြုံးလိုက်ကာအဖွားအိုနောက်ကကလေးကိုကြည့်မိတော့ သူ့ကိုမျက်လုံးဝိုင်းကြီးတေနဲ့မော့ကြည့်နေသည်။

"ကိုယ်တော်ဆီလာပါအုံး"

ဂိုဂျွန်းခေါ်လိုက်တော့တွန့်ဆုတ်တွန့်ဆုတ်နဲ့ကြောက်နေကာသူ့အဖွားကိုလှည့်ကြည့်တော့ အဖွားအိုကခေါင်းငြိမ့်ပြလေသည်။ထိုအခါမှသူ့ဆီလျှောက်လာတော့ချိုင်းအောက်ကနေချီမလိုက်သည်။

Make A Wish(System)(Completed)Donde viven las historias. Descúbrelo ahora