<Unicode>
*ရှယ့်ယန်လိုပဲသုံးပါတော့မယ်*"အားး ကျွတ် ကျွတ်!"
ရှယ့်ယန်ပြန်နိုးလာတော့ဂုတ်ကသိသိသာသာနာနေသည်။
"လည်ပင်းများပြုတ်ထွက်သွားအောင်ရိုက်ချလိုက်သလားမသိဘူး"
"နိုးပီလား"
အသံကြားရာဆီကြည့်မိတော့မှောင်ရိပ်ကျတဲ့နေရာမှာထိုင်နေတဲ့လူတစ်ယောက်။သူထရန်ကြိုးစားကြည့်တော့ခြေတေလက်တေကတင်းကြပ်နေတာကြောင့် ကြိုးတုတ်ထားပုံရသည်။
"မင်းပိုက်ဆံလိုချင်လို့ဆိုရင် စိတ်မကောင်းဘူး ဘာလို့ဆိုငါ့ကိုလာရွေးကြမှာမဟုဘူး"
"ဟက် သူများဘဝတေကိုဖျက်စီးပီးရထားတဲ့ပိုက်ဆံတေကို သူ့သားအတွက်တောင်အကုန်မခံနိုင်ဘူးလား"
"ဟမ်?"
"စကားတေများမနေနဲ့တော့ လုပ်စရာရှိတာလုပ်ကြမယ်"
ထိုအချိန်အခန်းထဲမီးတေပွင့်လာပီးထိုင်နေတဲ့လူကိုသေချာရှင်းလင်းစွာမြင်လိုက်ရသည်။ကြည့်ရတာသပ်သပ်ရပ်ရပ်ပါပဲ ဘယ်နေရာကကြည့်ကြည့်ပြန်ပေးသမားရုပ်မထွက်ပေ။ကြည့်ရတာအခုမှစပီးဒီအလုပ်ကိုလုပ်တာဖြစ်နိုင်သည်။
ထိုလူကသူ့ရှေ့ကိုလျှောက်လာကာဖုန်းကိုထုတ်လိုက်ပီး....
"မင်းအဖေရဲ့နံပါတ်ပြော"
"xxxxxx"
"မင်းအဖေကို မင်းကိုဝမ်သိန်း၁ထောင်နဲ့လာရွေးဖို့ပြောလိုက်"
"သူတို့လာရွေးမှာမဟုဘူးဆို"
"ခေါ်ဆိုခေါ် လျှာမရှည်နဲ့ အသားနာချင်နေပီလား!!!"
"ဟူးး"
ဟိုဘက်ကဖုန်းကိုင်လိုက်တာနဲ့ထိုလူကspakerဖွင့်ပီး သူ့ရှေ့ကိုတိုးပေးသည်။
"ဟယ်လို"
တစ်ဖက်ကမိန်းကလေးအသံမို့သ့ူမိထွေးမှန်းသိလိုက်သည်။
"မေမေလေး ကျနော်ရှယ့်ယန်ပါ"
"အော် သားယန် သားအဖေကရေချိုးခန်းထဲမှာကွဲ့"
"မေမေလေး ကျနော်ပြန်ပေးဆွဲခံရလို့ အဖေ့ကိုဝမ်သိန်း၁ထောင်နဲ့လာရွေးဖို့ပြောပေးပါ"
![](https://img.wattpad.com/cover/328570744-288-k531197.jpg)
ВЫ ЧИТАЕТЕ
Make A Wish(System)(Completed)
ФэнтезиAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...