<Unicode>
့အိမ်ပြန်တဲ့လမ်းတစ်လျှောက်လုံးကားပေါ်တွင်တိတ်ဆိတ်နေသည်။"ဟခု မင်း..."
"ခုနကပြောလိုက်တာတေကိုတစ်မျိုးအထင်ပါနဲ့ဂင်း!ကိုယ်ပြောတာက မင်းကကိုယ့်ရဲ့ညီလေအဲ့တော့ကိုယ်မင်းကိုချစ်တာညီအကိုလိုလေ သိတယ်မလား တစ်မျိုးမထင်နဲ့နော်"
"အော် အင်း"
ထို့နောက်တစ်ဖက်သို့လှည့်သွားတဲ့ဂင်းကြောင့်သက်ပြင်းချနိုင်သွားသည်။
*တော်သေးတာပေါ့ အချိန်မှီဖြေရှင်းနိုင်လို့ ခုဆိုသူစိတ်ဆိုးတော့မှာမဟုတော့ဘူး*
ဟခုစိတ်ထဲတွင်ဂင်းကိုလူကြားထဲမှာချစ်တယ်ပြောလိုက်တာကြောင့်ဂင်းကရှက်ပီးစိတ်ဆိုးသွားမည်ဟုပင်။ထို့ကြောင့်စိတ်မဆိုးရလေအောင်ဖြေရှင်းလိုက်ပီး နောက်ကျမှအေးဆေးသေချာစွာဖွင့်ပြောဖို့စဉ်းစားလိုက်သည်။သို့ပေမယ့်သူထင်တာကတလွဲဖြစ်နေမှန်းမသိပေ။
°°°°°°°°°°°°°°°°°°
နောက်တစ်နေ့မနက်......
ဂင်းနဲ့ဟခုကကျောင်းသွားရန်ပြင်ဆင်ပီးအိမ်ပြင်သို့ထွက်ရန်အလုပ်ခြံထဲသို့ကားအနက်နှစ်စီးဝင်လာပီးဝတ်စုံအမည်းတေနဲ့လူထွားကြီးတေဆင်းလာသည်။ထို့နောက် နောက်ခန်းတခါးကို ထိုထဲကလူထွားကြီးတစ်ယောက်ကသွားဖွင့်ပေးတော့ ကားပေါ်ကနေအသက်ကြီးကြီးလူကြီးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ဆင်းလာသည်။ထိုမိန်းကလေးကကျိန်းသေပေါက်အဆုနပေါ့။ထို့နောက်လူထွားကြီးတေကသူတို့ကိုသေနတ်နဲ့ချိန်ကာအိမ်ထဲဝင်ရန်အချက်ပြလေသည်။ဟခု ဂင်းမကြောက်သွားအောင်ဂင်းရဲ့လက်ကိုဆုပ်ကိုင်ပီးအိမ်ထဲသို့ဝင်လိုက်သည်။
"မင်းတို့ထဲကဘယ်ကောင်ကဟခုလဲ"
ခေါင်းဆောင်ဖြစ်ပုံရတဲ့လူကြီးသူ့တို့ရှေ့ရပ်ကာမေးလိုက်တော့ဟခုကရှေ့ထွက်ပြလိုက်သည်။
"မင်းလား"
"ဟုတ်တယ်"
"မင်းလိုကောင်ကငါ့သမီးကိုမျက်ရည်ကျအောင်လုပ်ရဲတယ်ပေါ့ ငါ့ရဲ့အဖိုးတန်သမီးကိုလေ အတင့်ရဲလို့!!!"

VOCÊ ESTÁ LENDO
Make A Wish(System)(Completed)
FantasiaAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...