ဟခု(Arc -2.6)

9.2K 740 10
                                    

<Unicode>
"ဟိုနေ့ကမြင်ကတည်းကသဘောကျခဲ့တာပါ"

"......"

"ဟခုစန် ညီမကိုစဉ်းစားပေးပါနော်"

"အဲ့တာကမဖြစ်နိုင်ဘူး အဆုန"

"ဘာလို့လဲ ဟခုစန်မှာချစ်သူရှိနေလို့လား"

"အဲ့လိုမဆိုနိုင်ပေမယ့် ကိုယ်ချစ်သူထားဖို့အစီစဉ်မရှိသေးလို့ပါ"

"ဘာလို့လဲဟင် ညီမကမလှလို့လား ဆွဲဆောင်မှုမရှိလို့လားဟင်"

"လှပါတယ် မင်းကကိုယ်တွေ့ဖူးသမျှမိန်းကလေးတေထပ်လှပါတယ် ဒါပေမယ့်ကိုယ်မင်းကိုမချစ်နိုင်ဘူး ကိုယ့်ထပ်သာတဲ့သူတေအများကြီးပါ မင်းကငယ်ပါသေးတယ်ကိုယ့်ထပ်ပိုကောင်းတဲ့သူနဲ့တွေ့နိုင်မှာပါ"

"ဒါပေမယ့်..."

"ဒါဆိုခွင့်ပြုပါအုံး ကိုယ်ကိစ္စလေးရှိနေသေးလို့"

"ဟခုစန်!"

အဆုန သူမကိုတစ်ချက်တောင်လှည့်မကြည့်ပဲထွက်သွားတဲ့ဟခုကြောင့် ရှက်လဲရှက်ဒေါသလဲထွက်ကာ နှုတ်ခမ်းကိုပြတ်ထွက်မတတ်ကိုက်ထားတော့သည်။

"ရှင်ကများ ကျမလိုလူကိုငြင်းရဲတယ် အဆုနဆိုတဲ့ကျမရဲ့ရာဇဝင်မှာမရဘူးဆိုတာမရှိဘူး!!"

°°°°°°°°°°°°°°°°°°°

ဟခုအိမ်ပြန်ရောက်တော့ဂင်းရဲ့အရိပ်ယောင်ကိုမတွေ့တာကြောင့်သူ့အခန်းထဲဝင်ကြည့်လိုက်သည်။ပွထနေတဲ့အဝတ်စားတေသာရှိပီးလူကိုမတွေ့တာကြောင့်တစ်အိမ်လုံးလိုက်ရှာပေမယ့်မတွေ့။

"ဘယ်တေလျှောက်သွားနေတာလဲကွာ"

စိတ်ထဲမသင်္ကာတာနဲ့ဟခုသူ့အခန်းထဲပြန်ဝင်ကာကြည့်လိုက်တော့ မီးခံသေတ္တာကပွင့်နေပီးဂိုထောင်သော့ပါမရှိတော့။

(ဒီးဒီ ဂင်းဘယ်မှာရှိနေလဲ)

(ဟုတ်ကဲ့ပါhost သူကအခုxxကလပ်မှာပါ)

(ကျေးဇူးပဲ)

ဟခု ဒီးဒီပြောတဲ့လိပ်စာအတိုင်းလိုက်သွားတော့သည်။ကလပ်ထဲဝင်ကာဂင်းကိုလိုက်ရှာတော့ မှောင်ရိပ်ကျတဲ့ထောင့်နားကစားပွဲလေးတွင်မိန်းကလေးတစ်ယောက်ကိုပေါင်ပေါ်တင်ထားတဲ့ဂင်း။

Make A Wish(System)(Completed)Where stories live. Discover now