ရွှေရိုး(Arc -6.2)

7.7K 652 40
                                    

<Unicode>
ရွှေရိုးဆေးသေတ္တာလေးယူကာရေကြည်မျက်နှာကဒဏ်ရာလေးကိုသေချာသေးထည့်ပေးနေသည်။ဘေးမှာတော့ဖိုးအေးနဲ့ဂွတိုက ရေကြည်တပည့်နှစ်ယောက်ကိုဆေးထည့်ပေးနေကြသည်။

"နာလား"

"မနာပါဘူး ယောက်ျားပဲဟာ"

"ယောက်ျားလဲ အသွေးသားနဲ့ဖွဲ့စည်းထားတာပဲ နာရင်နာတယ်ပြောခွင့်ရှိတယ်"

ရေကြည်တစ်ယောက်သူ့ကိုဆေးသေချာထည့်ပေးနေတဲ့ရွှေရိုးကိုအထူးဆန်းကြည့်ကာ...

"မင်းထူးဆန်းနေတယ်"

"မထူးဆန်းပါဘူး ဘာရန်ငြိုးမှမရှိပဲအလကားသက်သက်မုန်းနေကြတဲ့သူတေကမှထူးဆန်းတာ"

"ဘာလို့ရန်ငြိုးမရှိရမှာလဲ ငါတို့အဖေတေမှာရှိတယ်လေ"

"ကဲ ဒါဆိုပြောကြည့် ကိုယ်နဲ့မင်းမှာရန်ငြိုးရှိလား"

"ရှိတော့မရှိဘူးလေ"

"ကိုယ်တို့အဖေတေမတည့်တာနဲ့ပဲကိုယ်တို့ကလဲရန်ဖြစ်နေမှရမှာလား"

"........."

"စစ်ပွဲမှာတောင်တစ်ဖက်ကအလံဖြူပြရင်ကျေအေးပေးရတယ်တဲ့ ကိုယ်ကအလံဖြူပြနေပီလေ မင်းကကိုယ်ကိုမုန်းလို့လား"

"ငါမမုန်းပါဘူး"

"ဒါဆိုကိုယ်တို့ငြိမ်းချမ်းရေးယူကြမယ်လေ"

ရေကြည်သူ့တပည့်နှစ်ယောက်ကိုလှည့်ကြည့်လိုက်တော့သဘောတူကြောင်းခေါင်းတစက်စက်ငြိမ့်ပြလေသည်။

"အင်း ငါတို့တေငြိမ်းချမ်းရေးယူကြမယ်"

"ဟုတ်ပီကွာ ကိုယ်မိတ်ဆက်ပေးမယ် သူတို့ကဖိုးအေးနဲ့ဂွတိုတဲ့"

"အင်း သူတို့ကသံချောင်းနဲ့ဂုတ်ပု ငါ့နာမည်ကတော့မင်းသိပီးသား"

"အာစိ ကျနော်တို့ပြန်ရအောင် ခနနေလေးလေးပြန်လာတော့မှာ သူ့သားကြီးကိုမတွေ့ရင်အာစိကိုကွိုင်နေမှာ"

"ဟုတ်သားပဲ ငါပြန်တော့မယ်ရွှေရိုး ဆေးထည့်ပေးလို့ကျေးဇူးပဲ"

"ကျေးဇူးတင်ရင်မောင်လို့ခေါ်ပါလား"

"မခေါ်ချင်ပါဘူး ကြက်သီးထစရာကြီး"

Make A Wish(System)(Completed)Tempat cerita menjadi hidup. Temukan sekarang