Ep-7

360 41 0
                                    

Unicode
'ကျန်းရွှမ်သည် မသိနားမလည်သော အန္တရာယ်များအားလုံးကို မေ့ထားပြီး ဤအေးစက်သော အနမ်းကို ခံစားလိုက်ရသည်။'

.

ကျိုးရိသည် ညအမှောင်ထဲတွင် မှင်ရည်သုတ်ထား
ပုံရသည့် မှန်တံခါးရှေ့တွင် တစုံတခုကို
စောင့်ဆိုင်းနေသကဲ့သို့ တိတ်ဆိတ်စွာရပ်နေသည်။
ထိုနောက် ရုတ်တရက်တံခါးတွန်းဖွင့်ကာ
အထဲသို့ဝင်သွားလိုက်လေသည်။

"မစ္စတာချူ အို မင်းက ဒီမှာရှိနေတာပဲ
ကိုယ်က ဘယ်များသွားလိုက်တာလဲလို့။ "

ကျိုးရိက လှည့်လားတော့ ချူဟယ့်က ထောင့်တနေရာတွင်ရပ်နေတာကို သူမြင်လိုက်ရပြီး ချူဟယ့်ကအနည်းငယ်မောပန်းနေပုံရကာ သူ့မျက်နှာကလည်း လရောင်အောက်မှာ စာရွက်ဖြူတရွက်လိုဖြူဆုတ်နေပြီး
သူပုံစံက အနည်းငယ်ဖရိုဖရဲဖြစ်နေပုံရတယ်။

"မင်းကဘာလို ဒီမှာရှိနေတာလဲ "

ကျိုးရိကပြုံးပြပြီးပြောလာသည်။
" ဒါက ထူဆန်းတဲ့မေးခွန်းကြီးဖြစ်သွားပြီး။
ဒီစားသောက်ဆိုင်က H Cityမှာ နာမည်ကြီး
နေတဲ့အတွက်ကြောင့် ကိုယ်ကလည်း
မင်းဘာလိုဒီနေရာကိုရောက်နေလဲ
ဆိုတဲ့အကြောင်းကို မမေးမိပါဘူးကော။ စားသောက်ဆိုင်အကြောင်းပြောရရင်
သူတို့ရဲ့ပုစွန်ထုတ်ကြီးတွေကတော်တော်
စားကောင်းတယ်နော် ဒါပေမယ် ကိုယ်ကမြန်မြန်လေ
စားလိုက်တာဆိုတော့ အရသာမခံမိဘူးရယ်...."

ချူဟယ့်-" ဒါဆိုလည်း မင်းဆက်ပြီးမရသာခံလိုက်အုန်း ငါအရင်သွားတော့မယ်။ " သူက ကျိုးရိဘေးနားကနေ လျောက်ကာဖြတ်သွားစဉ် သူ့လက်ကောက်ဝတ်ဖမ်းဆွဲခံရမယ်ဆိုတာ ဘယ်သူကသိမှာလဲ။

"မစ္စတာချူ " ကျိုးရိက အပြုံးကြီးကြီးပြုံးကာ
"မင်း နက်ကတိုင် စောင်းနေတယ်။"

သူသည်ချူဟယ့်အတွက် နက်ကတိုင်ကြိုးကိုပြင်ရန် အဓိပ္ပါယ်ဖြင့်သူ့လက်ကိုဆန့်ထုတ်ကာ ဖြည်းညှင်းစွာဂရုတစိုက်ရွေ့လျားနေသည်။
အချိန်နဲ့နေရာမှားနေခြင်းမဟုတ်ပါက၊ ထိုကဲ့သို့ ကိုယ်ဟန်အနေအထားဖြင့်ရပ်နေသော လူနှစ်ယောက်သည် လေးလေးနက်နက်ချစ်ကြသောချစ်သူစုံတွဲတစ်တွဲကဲ့သို့ ဖြစ်နေပေလိမ့်မည်။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now