Ep-24

166 24 1
                                    

Unicode
[ကျိုးဟွေးသည်အလွန်ဗိုက်ဆာနေချိန်တွင်
အဆီတရွဲရွဲဖြစ်နေသော အသားတစ်ခြမ်းကို မစားရတဲ့ သားရဲတစ်ကောင်က ကြည့်နေသလိုမျိုးနှင့် ၎င်းမျက်လုံးတွေမှာ မကျေနပ်မှုတွေနဲ့ ပြည့်နေတယ်]

ကျိုးဟွေးသည် တိုးညှင်းစွာညည်းလိုက်ပြီး
ချူဟယ့်၏မျက်နှာနဲ့လည်းပင်တဝိုက်ကို
ဝေ့ဝိုက်ကာ လျာဖြင့်ယက်လေ၏။
 
ချူဟယ့်သည် လျှာဖျားဖြင့်ယက်နေသော
အသံအောက်တွင် အနည်းငယ် ညည်းညူသံကို ထုတ်လွှတ်လိုက်တယ်၊ထိုအသံသည် မမြင်နိုင်သော အားပေးမှုတစ်ခုလို ထင်ရပြီး ကျိူးဟွေးသည် ချက်ချင်းပင် စိတ်အားထက်သန်လာခဲ့ကာ
သူသည် သူ၏ကြီးမားပြီအမွေးထူသော
ဦးခေါင်းဖြင့် ချူဟယ့်ကို တင်းတင်းကျပ်ကျပ် ပွတ်ကာတိုက်ကာဖျစ်ညှစ်ခဲ့ပြီး
တစ်ချိန်တည်းမှာပင် သူရင်ဘတ်ပေါ်ရှိ ထူထဲသောအမွေးများဖြင့် ချူဟယ့်ကို
ဖိကပ်ချကာတိုးညင်းပြီး အန္တရာယ်များသော အော်မြည်းသံတစ်ခုထုတ်လာခဲ့ပြီး ကျိူးဟွေး၏သူငယ်အိမ်အတွင်းရှိ
မျက်လုံးများကလည်း အောက်ကိုငုံ့ပြီး ချူဟယ့်ကို
စိတ်အားထက်သန်စွာ စိုက်ကြည့်လာခဲ့သည်။

ချူဟယ့်-"......"
ချူဟယ့်သည် ပါးစပ်ဖွင့်လိုက်သော်လည်း
ဘာအသံမှမထွက်ပဲနာကျင်မှုအပြည့်ဖြစ်နေသော
အမူအရာကိုသာ ပြသလာတယ်။

ဒါက သူ့အပိုင်လို့ ကျိုးဟွေးက တွေးလိုက်တယ်။
ကြာရှည်စွာ ပျောက်ဆုံးသွားသော တိရိစ္ဆာန်ဗီဇသည် သွေးကြောများအတွင်းလောင်ကျွမ်းသွားနေပြီး ထိုအပူသည် အလွန်စိတ်လှုပ်ရှားမှုဖြစ်စေကာ မိနစ်တိုင်း၌ အာရုံကြောများကို
တုန်ခါသွားစေ၏။

ဒါကငါ့အပိုင်၊ ဒီအရာအားလုံးက ငါ့အပိုင်ပဲ။

သူသည် သူ့အပေါ်မှာအာဏာအလုံးစုံရှိပြီး၊
သူသည် ဤနယ်မြေတွင် တစ်ပါးတည်း အုပ်စိုးသောမင်းဖြစ်၏။
  
ဤအသိတရားသည်ကျိုးဟွေးကို
အလွန်စိတ်လှုပ်ရှားစေတယ်။ ယခင်နှစ်အနည်းငယ်၏ခွဲခွာမှုနှင့် စိတ်ဓာတ်ကျမှုသည် ယခုအခါတွင် ပြင်းထန်သောလှုံ့ဆော်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး၊ အရက်ပုလင်းတစ်ခုလုံးက  ပြင်းပြင်းထန်ထန်မီးလောင်ကျွမ်းသွားတဲ့အချိန်မှာ
ရုတ်တရက် အေးစက်သောရေအေးများက
မျက်နှာပေါ်သို့လောင်ချပစ်လိုက်သလိုမျိုးပင်၊  ဆီပူအိုးထဲမှာ သူ့ဦးနှောက်တစ်ခုလုံးကို
ပေါက်ကွဲထွက်သွားစေသည်။

Lantern: Reflection of the Peach BlossomsWhere stories live. Discover now